A Tale Of Thousand stars Chapter - 11

Start from the beginning
                                    

" ဒီလောက်မွှေးနေတာ မင်းမရှိတဲ့နေရာကို
မသိဘဲ နေမလား ''

ထိုအခါ ဆရာလေးထီရန်က ပြုံးရည်နေပြီး မီးပြန်လာလေသောကြောင့် သူ့ကို ဖက်ထားသည် ဖြစ်သောကြောင့်

" မီးပြန်လာပြီလေ ခေါင်းဆောင် ကျွန်တော်
အိပ်တော့မယ် ''

ထိုအခါ ခေါင်းဆောင်ဖူဖာက လွှတ်မပေးသေးဘဲ ထပ်ပြီး ခပ်တင်းတင်းလေး ဖက်လိုက်ပြန်လေသည်။

" တော်တော့ ''

ဆရာလေးထီရန်က အဲသလို ခေါင်းဆောင်ဖူဖာ၏လက်ကို ကိုင်ကာ ပြောသမို့ ခေါင်းဆောင်ဖူဖာလည်း ဖက်ထားသည့်လက်ကို လွှတ်ပေးလိုက်လေတော့သည်။ ဆရာလေးထီရန်လည်း သူ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ လက်မောင်းတွေကို ပွတ်၍ Lotion လိမ်းနေလေသည်။

ပြီးနောက် ခေါင်းဆောင်ဖူဖာက သံကုတင်ဘေးနားမှ ကြမ်းပြင်ရှိ အိပ်ယာပေါ် ထိုင်ချလိုက်လေသည်။

" မင်း ကုတင်ပေါ်မှာ အိပ် ငါက ကြမ်းပြင်ပေါ်မှာ အိပ်မယ် ဒါပေမယ့် မင်း ငါ့နောက်ကျောကို နင်းပေးရမယ် ''

" အင်း ''

အဲ့နောက် ခေါင်းဆောင်ဖူဖာလည်း ကြမ်းပြင်မှ အိပ်ယာပေါ် ဝမ်းယားမှောက်လိုက်လေသည်။ ဆရာလေးထီရန်လည်း ကုတင်ဘေးမှ ဝမ်းယားမှောက်နေသည့် ခေါင်းဆောင်ဖူဖာ၏ ခါးပေါ်သို့ တင်နင်းကာ ကုတင်မှာ သွားထိုင်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာ နာသွားသည် ထင်သည်။

" အား ထီရန် ဒီမှာ... ''

နာလွန်းလို့ ခါးကို လက်နဲ့စမ်းကာ ကုတင်မှ ဆရာလေးထီရန်ကို ကြည့်နေသည့်ခေါင်းဆောင်ဖူဖာ သူ၏မျက်နှာကို ကြည့်ပါက တော်တော်နာမည် ထင်ရလေသည်။

" အဲဒီလို နင်းခိုင်းတာ မဟုတ်လား ''

ထိုအခါ ခေါင်းဆောင်ဖူဖာက အိပ်ယာမှာ ခြေဆင်းထိုင်လျက်

" မင်း နင်းလိုက်တဲ့ အားနဲ့သာ ဆိုရင် ငါ့ခါး နာသွားလိမ့်မယ် ပြီးတော့ ဒီမွေ့ယာက အရမ်းမာတယ် ငါဒီည အိပ်လို့တောင် ရပါ့မလား ''

" ဘာလို့လဲ ဒီအိတဲ့ အိပ်ယာပေါ်မှာ အိပ်ချင်လို့လား ''

ဆရာလေးထီရန်က ကုတင်ပေါ်မှာ ခြေဆင်းပြီး စောင်ကို ဖြန့်ရင်း မေးလေသည်။ ထိုအခါ ခေါင်းဆောင်ဖူဖာက ခေါင်းကို လက်ထောက်ကာ လှဲလျောင်းနေသည့် ကုတင်ပေါ်မှ ဆရာလေးထီရန်ကို ကြည့်၍

A Tale Of Thousand stars Where stories live. Discover now