A Tale Of Thousand stars Chapter - 9(C)

Start from the beginning
                                    

" ကျွန်တော့်အဖေက ငွေအများကြီးနဲ့ ကမ်းလှမ်းခဲ့တာပဲ ဖြစ်မယ် အစ်ကို တာဝန် အရမ်းကျေပါတယ် ''

ခေါင်းဆောင်ဖူဖာက မဟုတ်တာ ပြောခံရသမို့ စိတ်တင်းလာကာ

" ငါ့ကို စော်ကားနေတာ ရပ်ပေးမှာလား ''

သို့ပေမယ့်

" ဒါမှမဟုတ် ဒါက ဘဝမှာ အောင်မြင်ဖို့ အခွင့်အရေး တစ်ခုမို့လား ''

ဆရာလေးထီရန်က မရပ်သေးဘဲ ဆက်ပြီး ထင်ရာတွေကို မဟုတ်ဘဲ ပြောနေသမို့ ခေါင်းဆောင်ဖူဖာလည်း မျက်ရည်ဝဲ၍ တမင်တကာ စောင်းပြောလိုက်လေသည်။

" ဟုတ်တယ် ငါ့လို ဆင်းရဲတဲ့ သာမန်ဝန်ထမ်းလေးက ဘဝမှာ အောင်မြင်ချင်တာ ဘာမှားလို့လဲ မင်းသိရင်လည်း ကောင်းတာပဲ ''

ခေါင်းဆောင်ဖူဖာလည်း ခဏခဏသူ၏စေတနာတွေကို စော်ကားခံနေရသမို့ တမင်တကာ ထိုသို့ ပြောကာ ခပ်သွက်သွက် ထွက်သွားလေတော့သည်။

ထိုအချိန် ဆရာလေးထီရန်က သူထင်ရာတွေကို ပြောလိုက်တာ ခေါင်းဆောင်ဖူဖာက မရှင်းပြပေးသည့်အပြင် ထိုသို့ တမင်တကာ ပြောသွားသမို့ ဝမ်းနည်းကာ သူ၏ပါးပြင်ပေါ်သို့ မျက်ရည်စက်ကလေး စီးကျလာလေတော့သည်။

ဆရာလေးထီရန်၏ ရင်ထဲတွင် တဆစ်ဆစ်နာအောင် ခံစားရ၍ အားပါးတရငိုချလိုက်လေတော့သည်။

ဖာဖီရွန်တပ်စုတွင်လည်း ခေါင်းဆောင်ဖူဖာက ထိုနေရာမှ လှည့်ထွက်လာပြီးနောက် တပ်စုအနောက်ဘက် ကွက်ပျက်တွင်ထိုင်ကာ မပြောချင်ဘဲ ပြောခဲ့ရ

တဲ့စကားတွေကြောင့် ရင်ထဲ ဝမ်းနည်းစွာ ခံစားရနေလေသည်။ ယခုတော့ ဒေါက်တာနမ်ပြောသလို သူကိုယ်တိုင် နာကျင်တာကို ခံစားရနေလေတော့သည်။

သို့ပေမယ့်လည်း ခေါင်းဆောင်ဖူဖာမှာ ထိုသို့လုပ်ရမယ့် အကြောင်းပြချက်က ရှိနေသမို့ ရှောင်လွှဲလို့ ရနိုင်မည် မဟုတ်တာ သေချာလေသည်။ ထို့ကြောင့် ခေါင်းဆောင်ဖူဖာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့သည်။

ကျောင်းနေအိမ်၏ ဝရံတာမှ ခုံတန်းလေးတွင်လည်း ဆရာလေးထီရန်တစ်ယောက် ငေးတေးမှိုင်တိုင် ဖြစ်နေလေသည်။ ထိုအချိန် အိမ်အောက်မှ အော်သံတစ်ခုက

A Tale Of Thousand stars Where stories live. Discover now