A Tale Of Thousand stars Chapter - 9(A)

Start from the beginning
                                    

" ဒါဆို ခေါင်းဆောင်က တစ်ယောက်ယောက်ကိုကော လိုချင်တာမျိုး မရှိဘူးလား ''

ထော့ဖန်က ရေလာမြောင်းပေး လုပ်သဖြင့် ခေါင်းဆောင်ဖူဖာလည်း

" ထော့ဖန် မင်း အစ်ကို့အပေါ်ထားတဲ့ ခံစားချက်ကို အစ်ကို သိပါတယ် ဒါပေမယ့် အစ်ကို... ''

" နေဦး ''

ခေါင်းဆောင်ဖူဖာက ပြောရင်းနှင့် ဒါပေမယ့် ပါလာသမို့ ​ထော့ဖန်က ငြင်းခံရမည်စိုး၍ စကားမဆုံးခင် လှမ်းတားလိုက်လေသည်။

" ခေါင်းဆောင်က နည်းနည်းလောက် စဥ်းစားပေးလို့ မရဘူးလား တကယ်လို့ အသည်းကွဲရမယ်ဆိုရင်တောင် ခေါင်းဆောင်က အချိန်လေးတော့ ပေးပါဦးလား နော် ''

ခေါင်းဆောင်ဖူဖာလည်း အဲ့နောက် ပြုံးရည်ရင်း ထော့ဖန်က ဆက်ပြီး စကားဆိုပြန်သည်။

" နောက်တစ်ခေါက် ဘန်ကောက်ကနေ ပြန်လာရင် အဖြေကို ထပ်မေးမယ် ''

" အင်း အစ်ကိုတို့အလုပ်မှာ သစ်ခိုးခုတ်တဲ့သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေလည်း ပါတယ် သေခြင်း

တရားဆိုတာ သေနတ်ခလုတ်ကို ဆွဲလိုက်မယ့် လက်ချောင်းထိပ်လေးပဲ အစ်ကိုက သေဖို့ မကြောက်

ဘူးဆိုတာ သိလား သေသွားရင် ဘာမှမသိဘူးလေ ပိုကြောက်ဖို့ကောင်းတာက အစ်ကို့အတွက်ကလေ

အမေက နေ့တိုင်း အဖေ ပြန်အလာကို စောင့်နေတာကို မြင်ရတာပဲ အစ်ကို့အတွက်က မနက်ဖြန်ဆိုတာ

ရှိသလားဆိုတာ မသိနိုင်ဘူးလေ နောက်မှာ ကျန်နေခဲ့ရတဲ့ သူတွေ ဘယ်လိုခံစားရလဲဆိုတာ အစ်ကို သိတယ်

သူတို့တွေရဲ့ မှတ်ဉာဏ်က ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး ''

" စိတ်မကောင်းပါဘူး ခေါင်းဆောင် ''

" အစ်ကို့အမေအတွက် ခံစားရတယ် အစ်ကိုက ဘယ်သူ့ကိုမှ ကိုယ့်အမေလို နာကျင်ခံစားရပြီး နေမသွားစေချင်ဘူး ''

" ခေါင်းဆောင်က တကယ်ချစ်ရတဲ့သူ မတွေ့သေးတာလည်း ဖြစ်ချင် ဖြစ်မှာပါ ''

ခေါင်းဆောင်ဖူဖာလည်း သူ့ကို စောင်းပြောလာတဲ့ ထော့ဖန်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိလေသည်။ ထော့ဖန်ကတော့မူ

A Tale Of Thousand stars Where stories live. Discover now