Part 5

5.7K 519 8
                                    

နေဝင်ရီတယောညနေခင်းချိန်မို့လမ်းမကြီးဘေးမှလမ်းဘေးဈေးဆိုင်တို့မှာမီးရောင်စုံကြော်ညာဆိုင်းဘုတ်တို့ကိုစတင်ဖွင့်လာပြီဖြစ်သည်။ ရိပေါ်တစ်ယောက်စားသောက်ဆိုင်မှအပြန်ရုံးခန်းမှာလိုအပ်နေသည့်ဖောင်တိန်မှင်ရည်နှင့်စာအိတ်တချို့ကိုဝယ်ယူပြီးဈေးတန်းတစ်လျှောက်လမ်းလျှောက်ပြန်လာခဲ့လေသည်။
ထိုစဉ်သူ့ရှေ့မလှမ်းမကမ်းမှာလူတိုက်ခံရပြီးဆွဲလာသည့်လက်ဆွဲခြင်းပြုတ်ကျသွားသည့်အဘွားတစ်ယောက်မှာ ဈေးခြင်းထဲသို့သစ်သီးတို့ပြန်ကောက်ထည့်နေလေသည်။ တိုးတိုက်သွားသည့်လူမှာနှာတစ်ချက်ရှုံ့ပြီး တောင်းပန်ဖို့မပြောနှင့်ပြန်လှည့်တောင်မကြည့်တာမို့ ရိပေါ်သွားကူပေးဖို့ဆုံးဖြတ်လိုက်မိသည်။ ရှေ့မလှမ်းမကမ်းနားမှတည်သီးနှစ်လုံးကိုကောက်ယူလိုက်ပြီးအနားရောက်လာချိန်တွင်ဘဲအနောက်မှအရှိန်ဖြင့်လာသောလူဆွဲလှည်းကြောင့်ရိပေါ်သူ့အရှေ့ကအဘွားကိုရောဈေးခြင်းကိုပါအမြန်ဆွဲကာရှောင်ရတော့သည်။ လူဆွဲလှည်းပေါ်ကလူကတော့ပြူတင်းတံခါးမှတစ်ချက်ခေါင်းပြူကြည့်ပြီးဘာမှမဖြစ်သလိုအထဲပြန်ဝင်သွားခဲ့သည်။

အဖြစ်အပျက်မှာမြန်ဆန်လွန်းတာကြောင့်လန့်သွားသည့်အဘွားမှာရင်ဘတ်အသာဖိပြီးသက်မောချကာ လမ်းဘေးမှာပင်ဆောင့်ကြောင့်ထိုင်ချသွားမိသည်အထိ ချွေးစို့စို့ပါနှဖူးထက်နေရာယူနေလေသည်။ ရိပေါ်လည်းထိုလူဆွဲလှည်းကို တောက်တချက်ခတ်မိပြီး ဘေးနားကအဘွားအခြေအနေကိုကြည့်လိုက်ကာ

" ဘွားဘွားအဆင်ပြေရဲ့လား လမ်းလျှောက်နိုင်သေးလားခင်ဗျ ကျွန်တော်ဘွားဘွားအိမ်ကိုလိုက်ပို့ပေးပါ့မယ် ဖြည်းဖြည်းအားယူထကြည့်ပါ "

အဘွားလည်းရိပေါ်ထိန်းကိုင်ပေးတယ့်လက်အစုံကိုအားယူထလိုက်ကာသူ့ရှေ့ကလိမ္မာယဉ်ကျေးတဲ့လူငယ်လေးကိုကျေးဇူးတင်စကားဆိုလေသည်။ ရိပေါ်ကလည်းအပြုံးတစ်ခုနှင့်ပင်တုန့်ပြန်၍လက်တစ်ဖက်ကဈေးခြင်းနှင့်သူဝယ်လာသည့်ပစ္စည်းအိတ်ကိုဆွဲ၍ လက်တစ်ဖက်ကအဘွား၏လက်မောင်းကိုသာသာထိန်းကိုင်ပေးကာထိုအဘွား၏အိမ်သို့လိုက်ပို့ပေးလေသည်။
အဘွားနှင့်စကားတပြောပြောလမ်းလျှောက်လာရင်းသာလမ်းသွယ်တစ်ခုရောက်လာတော့သည်။
မထင်မှတ်ထားသည်ကဒီလမ်းလေးနှင့်ဒီအိမ်က... မဟုတ်မှလွဲရော ~

TULIP [ Complete ]Kde žijí příběhy. Začni objevovat