A Tale Of Thousand stars Chapter - 8(B)

Start from the beginning
                                    

ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို အတော်စိတ်ပျက်သွားပုံ ရသည်။ မပြောဖူးတဲ့စကားတွေ အပြုအမူတွေကို ကြည့်လျှင် သိပေလိမ့်မည်။

ထို့ကြောင့် ဆရာလေးထီရန် ငိုကြွေးနေမိလေသည်။ ပါးပြင်သို့ကျလာသည့် မျက်ရည်စတွေကို လက်နဲ့ပင့်သုတ်ပြီး ဒူးထောင်၍ဒူးပေါ် လက်နှစ်ဖက်က တစ်ဖက်ကို တစ်ဖက် သွယ်ဝိုက်၍ကိုင်ကာ ထိုလက်ပေါ် ခေါင်းငိုက်ဆိုက်တင်၍ ငိုကြွေးလိုက်သည်မှာ နှာရှုံ့သံများကို နားထောင်လျှင် ဘယ်လောက်ဝမ်းနည်း ကြေကွဲနေသည်ဆိုတာ သိပေလိမ့်မည်။

ဒီလိုနဲ့ ဖာဖီရွန်တပ်စုမှာလည်း စားပွဲခုံပေါ်မှ စာရွက်ပေါ်ဘောပင်လေးကိုင်၍ မအိပ်နိုင်သေးဘဲ ခေါင်းဆောင်ဖူဖာတစ်ယောက် သက်ပြင်းတွေ အခါခါချမိနေလေသည်။

အဲသလို သူ၏စိတ်ကမကျေနပ်တာကို စာရွက်ပေါ် ဘောပင်ဖြင့် ခပ်တင်းတင်းဖိ၍ သက်ပြင်းတွေ ချကာ စိတ်ဒေါသ ဖြစ်နေလေသည်။

ထိုအချိန် တပ်စုဆီသို့ ဖုန်းဝင်လာလေသည်။ ခေါင်းဆောင်ဖူဖာလည်း ဖုန်းဖြေရန် ထသွားသည်။

- တီးလီးလီး -

" ဖူဖာ ပြောနေပါတယ် ''

" ငါပါ မင်းရူးနေတာလား ''

ဒေါက်တာနမ်က သူ၏ဆေးခန်းမှ ခေါင်းဆောင်ဖူဖာဆီ ဖုန်းဆက်ခြင်း ဖြစ်လေသည်။

" ဘာဖြစ်လို့လဲ ဒေါက်တာ ''

" ငါ ထီရန် အကြောင်းပြောနေတာ ငါ မင်းကို ပြောပြတယ်ဆိုတာ မင်းသူ့ကို မေးလို့ရအောင် ပြောပြခဲ့တာလေ ''

" ငါ သူ့ကို မေးခဲ့တယ် ''

" ဒါပေမယ့် တစ်ရွာလုံးအရှေ့မှာ သူ့ကို ဒီလို ဆွဲထုတ်သွားဖို့ လိုလို့လား ''

" ထော့ဖန် ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဥ်ရင် ဒါက ဘာမှ မဟုတ်ပါဘူးကွာ ''

" ဟာ..မင်းကွာ မင်းသူ့အပေါ် အရမ်းရက်စက်တယ်လို့ မထင်ဘူးလား ''

- တွီ..တွီ -

" အို...ဟေး ဖူ ''

မှန်၏။ ဒေါက်တာနမ်က အဲသလို ပြောလိုက်ရာ ခေါင်းဆောင်ဖူဖာက ဖုန်းချသွား၍ ဟေး.ဖူ လို့ အော်ခေါ်ကာ သူလည်း ဖုန်းချ၍ စိတ်မသက်မသာ ဖြစ်သွားရလေသည်။

A Tale Of Thousand stars Where stories live. Discover now