A Tale Of Thousand stars Chapter - 8(A)

Start from the beginning
                                    

ထီရန်လည်း ထိုသေဆုံးသူတို့ ဓာတ်ပုံကို ထိုသို့ မှတ်တမ်းတင်ထားသည့် နံရံနားအရောက်မှာ မြေပြင်နှင့် နီးကပ်နေသည့် သေဆုံးသူ ဓာတ်ပုံတစ်ပုံအနားတွင် သူယူလာသည့် ပန်းစည်းလေးကို ချထားလိုက်လေသည်။

သူယူလာသည့် ပန်းစည်းလေးက အဖြူရောင်ပန်းလေးဖြစ်ပြီး ထိုပန်းစည်းလေးက မြေပြင်မှာ ခလျက် ထိုမြေပြင်နှင့် နီးကပ်နေသည့် နံရံတွင်ကနှုတ်တွေ ပန်းခက်ပန်းနွယ်ဖြင့် ပုံဖော်ကာ အဝါရောင်တွေ မွန်းမံထားသော သေဆုံးသူ မှတ်တမ်းဓာတ်ပုံကို ကြည့်လိုက်ရာ ထော့ဖန်၏ပုံတစ်ခု ဖြစ်လေသည်။

ထိုပုံလေး၏ အောက်ခြေတွင်

" ထော့ဖန်ချရဖွန် မွေးနေ့ ဧပြီ ၂၁ ၁၉၉၇ ကွယ်လွန်သည့်နေ့ ဧပြီ ၉ ၂၀၂၀ ''

ဟု ရေးထားလေသည်။ မှန်၏။ ထီရန်တစ်ယောက် ဖာပန်းဒေါင်းသို့ မသွားခင် ထော့ဖန်ချရဖွန် အတွက် ရေစက်ချအမျှ ပေးဝေခြင်း ဖြစ်လေသည်။

" ထော့ဖန် အခု ကျွန်တော် လုပ်အားပေးဆရာတစ်ယောက် ဖြစ်ပြီ အတော်ကြာတဲ့အထိ ကျွန်တော်

အမအတွက် ပန်းတွေ ယူလာပေးနိုင်မှာ မဟုတ်ဘူး ကျွန်တော့်ကို အမက ဘာကို ဂရုစိုက်ပေးစေချင်လဲဆိုတာ

ကျွန်တော် တကယ် မသိဘူး ဒါပေမယ့် ကျွန်တော် ယုံတာက အဲဒီဟာက ဖာပန်းဒေါင်းမှာ ရှိတဲ့အရာမဟုတ်လား

ကျွန်တော့်ကို ဆုတောင်းပေးပါနော် ကျွန်တော် သွားတော့မယ် ''

အဲသလို ထီရန်က ထော့ဖန်ချရဖွန်၏ ဓာတ်ပုံနှင့် မှတ်တမ်းလေးကို ကြည့်ကာ ထိုသို့ ပြောနေလေသည်။

မှန်၏။ ထီရန်၏ နှလုံးအတွင်းသားနံရံ ရောင်ယမ်းတာကို နှလုံးခွဲစိတ်လှဲလှယ်မည့်အချိန် ထီရန်ကို မေ့ဆေးထိုးထားသမို့ ထီရန်၏ စိတ်က ထော့ဖန်ဆိုသည့် အမနှင့် သွားတွေ့ပြီး ထော့ဖန်က ထီရန်၏ ဘယ်ဘက်နှလုံးရှိသည့်နေရာကို သူမ၏လက်ဖဝါးဖြင့် ဖိကိုင်ကာ ဂရုစိုက်ပေးပါနော်ဟု ပြောသည်ကို ထီရန်က ဘာကို ဂရုစိုက်ပေးစေချင်တာလဲဆိုတာ နားမလည် ဖြစ်နေလေသည်။

ထို့ကြောင့် ထိုဂရုစိုက်ပေးရမည့်အရာက ဖာပန်းဒေါင်းမှာ ရှိသမို့ ထိုရွာကို သွားဖို့အတွက် ဆုတောင်းခိုင်းကာ နှုတ်ဆက်၍ အမြဲ ပန်းတွေယူလာပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောကာ ထိုနေရာမှ ထွက်လာခဲ့လေတော့သည်။

A Tale Of Thousand stars Where stories live. Discover now