A Tale Of Thousand stars Chapter - 7(C)

Start from the beginning
                                    

" သရဲတောင်ကြား ''

" မနေ့တုန်းက တော့က ကျွန်တော့်ကို ပြောတယ် သူက ချွတ် မင်းနဲ့အတူရှိနေတာ ဘယ်သူလဲ ဆိုပြီး

မေးတယ် ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်လာခဲ့တာ ''

" အမလေး ''

ထိုအချိန် ဆရာလေးထီရန်ကလည်း နားမလည်သလိုဖြင့် ထိုနေရာကို ရောက်ချလာလေသည်။

" တကယ်ပါဆို တစ်ကိုယ်လုံး
တုန်တက်သွားတာပဲ ''

" အကုန်လုံးကို သရဲတောင်ကြားထဲ မသွားဖို့ သတိပေးလိုက်ပါဦး အဲဒီက အစောင့်အရှောက်တွေက အရမ်းကြောက်ဖို့ ကောင်းတာ တွေးလိုက်တာနဲ့တင် ဒူးတွေပါတုန်လာတယ် ''

အဲ့အချိန် ခမာကလည်း ထိုလူနှစ်ယောက်ပြောတာကို နားထောင်ပြီး ကြောက်သလို ဖြစ်နေကာ ရွာသားတွေကို သရဲတောင်ကြားထဲ မသွားဖို့ ပြောမည်အလိုမှာ ဆရာလေးထီရန်ကို မြင်၍ စကားလမ်းကြောင်းလွဲဲပြီး ဆရာလေးထီရန်ကို ပြောရလေသည်။

" မင်းတို့ နားထောင်...အော် ဆရာလေးထီရန် ဘယ်တုန်းက ရောက်နေတာလဲ ''

" မင်္ဂလာပါ ရွာသူကြီး လောင်ထယ်
အိမ်မှာရှိလား ''

မှန်၏။ ဆရာလေးထီရန် ထိုသို့ အမေးပြုလိုက်လျှင် သရဲတောင်ကြားထဲ ရောက်ခဲ့သည့် လူနှစ်ယောက်ကို ခမာ၏အိမ်တွင် ရေစင်ဖြန်းပေးခြင်း ဖြစ်လေသည်။ ဆရာလေးထီရန်က အဲသလိုလေး ခမာကို မေးလိုက်လျှင် လောင်ထယ်က အနောက်မှ အော်၍ ပြေးလာကာ အိမ်နောက်ဘေးကို လက်ဆွဲ၍ ခေါ်သွားပါတော့သည်။

" အစ်ကို ထီရန် ''

" ကျွန်တော် တကယ်တွေ့လိုက်တာ ပြောတာယုံ ''

" မင်း နောက်မှာရော ပေါ်လာသေးလား ''

" အင်းဆို တစ်ကိုယ်လုံးကို မြင်လိုက်တာ ''

ရွာသားတွေနဲ့ ခမာတို့လည်း ထိုလူနှစ်ယောက်ကို ဝိုင်းကြည့်၍ သူတို့ ပြောတာကို နားထောင်ပြီး ကြောက်သလိုလို ဖြစ်နေကြလေတော့သည်။ လောင်ထယ်လည်း ဆရာလေးထီရန်ကို အိမ်နောက်ဘေးကို ခေါ်လာကာ ထင်းဆိုင်ဘေးတွင် ထိုင်၍

A Tale Of Thousand stars Where stories live. Discover now