She(သူမ)

6.3K 31 0
                                        

"ဘာလို့ ဆံပင်တွေ ညှပ်မပစ်လဲ Elle"
...
သူမရဲ့ အသက်ရှူနေတဲ့အသံတိုးတိုးလေးကြားမှ အသံတိုးတိုးလေးထွက်လာသည်။
"ဆံပင်တွေရှည်နေရင် ....."

သူမရဲ့ တင်ပါးနားလောက်နီးနီးရောက်နေပြီဖြစ်သော ဆံနွယ်နုနုလေး‌တွေကို ပွတ်သပ်ရင်း ဆက်ပြောသည်။
"ငါလုံခြုံတယ်လို့ခံစားရတယ် Linn..."

ကြိုးတစ်ချောင်း ခပ်ပါးပါးပေါင်လည်‌လောက်သာရှည်သော ဂါဝန်လေးဝတ်ထားပြီး ဆံပင် ထူထူတွေနဲ့ ဖုံးနေတဲ့ သူမကိုကြည့်ကာ Linn မရိုးမရွလေးဖြစ်လာသည်။
သူမကိုကြည့်ပါဦး။
အသားလေးတွေဆိုတာ ဖြူတယ်ဆိုတာထက်ကိုပိုသည်။အသားလေးတွေက နည်းနည်းလေး ထိလိုက်ရင်ကို အရာထင်သည့်အသားမျိူး။ လူလေးက ပိန်ပိန်လေးလို့ထင်ရပေမယ့် ထင်သလောက်မပိန်။ အသားလေးတွေက အိစက်နေသည်။မဆိုသလောက်ကျယ်နေသော ပခုံးလေးက သူမထူးခြားချက်တစ်ခု။ အလှဆုံးက နှုတ်ခမ်းလေးတွေ။ အမြဲနီထွေးထွေး သေးသေးလေး။ပြတင်းပေါက်နားမှာထိုင်နေတော့ သူမ အသားလေးတွေပေါ်နေရောင်လေးက နွေးနွေးလေးကျလို့။သူမက သိပ်လှတဲ့မိန်းကလေးတစ်ယောက်ပဲဟု တံခါးကိုတစ်ချက်မှီရင်း မှတ်ချက်ချမိသည်။

"Linn...."

ခေါ်သံကြားမှ ရုတ်တရက် အသိဝင်လာသည်။ သူမကိုကြည့်လိုက်တော့ မျက်နှာလေးက ရဲလို့။...

"Elleပြောလေ ဘာဖြစ်လို့လဲ။"...

မျက်တောင်စင်းစင်းလေးကို တဖျတ်ဖျတ်ခတ်ရင်း သူမပြောသည်။

"Linn..ဘာလို့အဲ့လောက်ကြည့်နေတာလဲဟင်...."
ပြောရင်း ဆံပင်‌တွေကို ပွတ်သတ်နေပြန်သည်။
နှုတ်ခမ်းလေးကို လျှာနဲ့တစ်ချက်သပ်ရင်းဖွဖွ‌လေးကိုက်ထားသည်။ဒါ Elle စိတ်လှုပ်ရှားရင်လုပ်တဲ့အပြုအမူဆိုတာ Linn သိသည်။ငယ်ငယ်လေးတည်းက အကျင့်လေး သူမပျောက်သေးဘူး။
သူငယ်ချင်းသက်တမ်း ဆယ်နှစ်နီးပါးရှိနေပြီ ။အပြုအမူသေးသေးလေးက အစ သိသည်။Onlineမှာ စကားပြောဖြစ်ပေမယ့် profileမတင်ထားတဲ့ သူမ မတွေ့ရတဲ့ဒီလေးနှစ်လောက်အတွင်းမှာဒီလောက်ပြောင်းလဲ လှပလာမှန်းမသိခဲ့။
Linnကိုယ်တိုင်ကလည်း ‌ကြည့်ကောင်းတဲ့ယောက်ျားလေးတစ်ဦး။ အရပ်ရှည်ရှည်နှင့် ကျန်းမာရေးလိုက်စားသည့်အတွက် ခန္ဓာကိုယ်တောင့်တင်းသည်။ Elleလို နုနုနယ်နယ်လေးဆို တစ်ပွေ့စာအေးအေးဆေးဆေးလေး။
Elle ကိုတွေ့ချင်တယ်လို့ သူကတောင်းဆို‌တော့ Elleက လိပ်စာပေးသည်။ ဒီရောက်မှ သူတစ်ယောက်တည်းနေမှန်းသိရသည်။
အခန်းတံခါးလာဖွင့်တော့ ဆံပင်ရှည်ရှည်တွေကြားထဲ ဖုံးနေတဲ့မျက်နှာလေးကို Linnမနည်းကြည့်ယူရသည်။ခုလည်း ပြတင်းပေါက်ဘက်ခပ်စောင်းစောင်းလေးထိုင်နေပြန်သည်။ စကားလည်းသိပ်မပြော။

"နင်အရမ်းလှတာပဲ Elle"
တံခါးလက်ကိုင်ကိုခပ်တင်းတင်းကိုင်ရင်း ‌ပြောလိုက်သည်။

"Linn..."
ဟော...သူမနှုတ်ခမ်းကိုထပ်ကိုက်ပြန်ပြီ။
Linn တစ်ယောက် သူမဘေးမှာဝင်ထိုင်မိသည်။ဆံပင်လေးတွေသပ်၊ နှုတ်ခမ်းလေးကို လက်ကလေးနဲ့ငြင်ငြင်သာသာလေးထိရင်း

"နှုတ်ခမ်းမကိုက်ပါနဲ့လား Elle"

သူလုပ်သမျှ ငြိမ်ငြိမ်လေးနေရင်း Elleပြုံးပြုံးလေးဖြစ်သွားသည်။

"Linn..ငါ့ကိုချစ်လား...."

လုပ်ပြန်ပြီ။ ဒီကောင်မလေး...နှုတ်ခမ်းလေးကို ထိနေတဲ့လက်ကိုမရုတ်ဖြစ်သေး

သူအားငယ်နေပြန်ပြီလား။ ငယ်ငယ်ကတော့ အားငယ်တိုင်း ဒါမျိုးမေးတတ်သည်။ ခေါင်းကိုဆတ်ခနဲငြိမ့်ပြလိုက်သည်။
သူမက ဆက်ပြောသည်။

"Linn..ဘာလို့ LaLaလို့ငါ့ကိုမခေါ်တော့တာလဲ။နင်ပဲငါ့နာမည်ကို မကြိုက်ဘူးဆို ။ LaLaလို့ပဲခေါ်မယ်ဆို။cbမှာလည်း LaLaလို့ပဲပြောတာကို.....ခုကျ နာမည်အရင်းကြီးခေါ်နေတယ်။..."မျက်နှာလေးခပ်ရဲရဲနဲ့ပြောနေသည်။

သူခုမှ သတိရသည်။ ရုတ်တရက်ပြန်တွေ့လိုက်ရတော့ နာမည်အရင်းကိုပဲ ‌ခပ်အန်းအန်းနဲ့ခေါ်နေမိတာ။

"LaLa..."

"ရှင့်..."

ချစ်ဖို့ကောင်းလိုက်တာ။ ဟုတ်တယ် LaLaလေး ငါတစ်ချိန်လုံး ချစ်ခဲ့ရတဲ့ LaLaလေး...
.......

အမြဲ LaLaလို့ခေါ်ရင် " ရှင့်"လို့ထူးနေကျ။
ထိထားသော နှုတ်ခမ်းသေးသေးလေးကို ရုတ်တရက်ဆွဲညှစ်လိုက်မိသည်။ နှုတ်ခမ်းလေးပိုနီလာသည်။သတိလက်လွတ်နှုတ်ခမ်းလေးကိုပွတ်သပ်နေမိသည်။

"Linn.."ထပ်‌ခေါ်ပြန်သည်။

သူမကိုကြည့်လိုက်တော့ မျက်လုံးလေးက ရီဝေလို့။....
Linnတစ်ယောက် ဝတ်ထားတဲ့ အင်္ကျီတွေပဲကြပ်လာသလိုလို မွန်းလာသလိုလိုတွေဖြစ်လာသည်။ ငါဘာဖြစ်နေတာလဲ ။ ဒါငါ့သူငယ်ချင်းဆိုပြီးအတင်းတွေးနေတုန်း

"Linn..LaLaလေ....."
နှုတ်ခမ်းကိုထိထားသော Linn လက်လေးကို ဖွဖွလေးကိုင်ရင်း တစ်လုံးချင်းပြောသည်။

"LaLa..တစ်ခါမှ.....တစ်ခါမှ....မနမ်းဖူးဘူး..."
Linnမျက်နှာကို Elleမျက်နှာလေးဆီရုတ်တရက်အပ်လိုက်မိသည်။....
နှုတ်ခမ်းလေးကိုလျှာနဲ့ဖြည်းဖြည်းလေးတစ်ချက်သပ်သည်။ထို့နောက် အပေါ်နှုတ်ခမ်းလေးတစ်ခုကိုပဲ နမ်းသည်။ ထို့နောက်အောက်နှုတ်ခမ်း။ အဆက်မပြတ်နမ်းမိနေသည်။ခဏကြာတော့သူမဆီက တုံပြန်မှုလေးရလာသည်။ သူမလက်တွေက Linnလည်ပင်းကိုသိုင်းလို့....။Linnလည်းလက်တစ်ဖက်ကိုသူမခါးလေးပေါ် တင်ပြီးနောက်တစ်ဖက်ဖြင့်ဆံပင်တွေကို ဆော့ကစားနေမိသည်။ ဘာတွေလုပ်မိနေလည်း မစဉ်းစားမိတော့။


WindWhere stories live. Discover now