(ဟဲ့ ဟိုကလက်ကလေးပဲကိုင်တာပါ🙄)

နောက်လှည့်ကြည့်လာတဲ့ ကောက သူ့ကိုမြင်သွားပြီး ပြုံးပြလာသည်။
ပြိုတော့မဲ့မိုးလို အုံ့မှိုင်းနေတဲ့ မျက်နှာနဲ့ သူ့ကိုကြည့်နေပြီး အနားရောက်လာတဲ့ ဝမ်ရိပေါ်။ သူဘာဖြစ်နေတာလဲ။

"ရိပေါ် ဘယ်လိုရောက်လာတာလဲ"

"ထမင်းစားပြီးပြီလား"

"ဟင့်အင်း"

"၁ နာရီပဲထိုးတော့မယ် ခုထိမစားရသေးဘူးလား"

"အဲ့တာ..."

နဂိုကမှ နောက်ကနှစ်ယောက်ကို သတ်ချင်နေတဲ့ပုံနဲ့ စိုက်ကြည့်နေတာ ဒီအလုပ်သင်လေးနှစ်ယောက်က သိချင်တာတွေ မေးနေလို့ ပြောပြနေတာနဲ့ မစားရသေးတာ လို့ပြောလိုက်ရင် တကယ်ထသတ်မလားပဲ။

"လူနာတွေအရမ်းများတော့ မအားလို့ အခုမှသွားစားတော့မလို့"

"ကျွန်တော်နဲ့တူတူစားမယ်"

လက်ကိုအတင်းဆွဲသွားတာကြောင့် ယက်ကန်ယက်ကန်ပါသွားလေသည်။ ဒီစပ်စုတဲ့ ကလေးနှစ်ကောင်ကြောင့် ငါတော့နေရင်းထိုင်ရင်း ချော့ရဦးမလားပဲ။

ကျင်းရီတစ်ယောက် စီအီးအိုရဲ့ လက်မှာစွပ်ထားတဲ့ လက်စွပ်နဲ့ ဟိုခပ်ချောချော ဆရာဝန်အစ်ကိုကြီးလက်က လက်စွပ်ကိုမြင်ပြီး ဘာတွေလဲ နားမလည်။

(သူလည်း အင်နိုးစန့်😆)

"ကျင်းရီ?"

"စစ်ကျွေး!"

အစ်ကိုဖြစ်သူ လန်စစ်ကျွေးကိုမြင်တော့ တစ်ချိုးထဲ လှည့်ပြေးဖို့အပြင်...သူကို ဂုတ်ကကိုင်ကာ ဆွဲခေါ်သွားလေသည်။

"မင်း ဒီမှာဘာလုပ်နေတာလဲ ငါ့ကိုဘာဒုက္ခပေးဦးမလို့လဲ"

"ငါက ဘာလုပ်လို့လဲ စီအီးအိုခေါ်လို့ လိုက်လာတာ မဟုတ်ရင် မင်းရှိတဲ့နေရာကို ခြေဦးတောင်မလှည့်ဘူး"

"စီအီးအို?"

"ငါကသူ့အတွင်းရေးမှူး"

"မင်းအလုပ်ရသွားတာ ငါ့ကိုတောင်မပြောဘူး"

"ဘာလို့ပြောရမှာ မင်းနဲ့ငါ အဲ့လောက်ဆက်ဆံရေးမကောင်းဘူးမလား"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now