uni(🌚🌚🔞🔞🔞🔞🔞🔞)

Start from the beginning
                                    

"Babe များများစား နော် "

"ဟုတ် Darling 
ရောစားလေ "

မနက်စာ Breakfast ကိုတော့ အချစ်တွေအပြည့်နဲ့ စားနေရလို့လား မသိဘူး ချိုမြိန်နေရော  
Darling ကခွံ့ကျွေးလိုက် ကျွန်တော့်က ပြန်ခွံ့ကျွေးလိုက်
ဟင်းတစ်တုံးကိုလဲ romantic ဆန်ဆန်စားလိူက်
ဘယ်လိုစားလဲဆိုတော့  ကျွန်တော်က

" Darling  Babe ကြက်သားဟင်းကိုဝါးမနိုင်ဘူး မာနေတယ် "

လို့ပြောလိုက်တော့ Darling က

"Babe ဝါးမနိုင်ရင်မဝါးနဲ့ ဘယ်က ကြက်အမျိုးတွေနဲ့လာတွေ့လဲ မသိပါဘူး ဒီလောက်မာနေမှတော့ ကိုယ့်Babe လေး ပါးစပ်တွေ ညောင်းတော့မှာပဲ "

တဲ့လေ ကျွန်တော်ကလဲ မရဘူး ကြက်သားတုံးကိုမှစားချင်တာလို့ ပြောလိုက်တော့

" Babe စားချင်သပဆို ကိုယ်နဲ့တစ်ယောက်တစ်ဝက်အတူတူကိုက်ကြမလား"

ဆိုပြီး   Darling က သူ့ပါးစပ်နဲ့ ကြက်သားတုံးတစ်ဝက်ကိုကိုက်လိုက်တယ် ပိုနေတဲ့ တစ်ဝက်ကို ကျွန်တော် လှမ်းကိုက်လိုက်တော့ ကျွန်တော်နဲ့ Darling နှူတ်ခမ်း ချင်းချင်း ပူးကပ်သွားခဲ့တယ်

" အွတ် "

ကြက်သားတုံးကို ဝါးနေတာလား နှုတ်ခမ်းလေးကိုအရသာခံနေတာလား မသဲကွဲ
သေချာတာတစ်ခုကတော့ ကျွန်တော်စားလိုက်ရတဲ့ မနက်စာထမင်းက ကြက်သားကြောင့် အရသာရှိတာမဟုတ်ဘဲ
Babe နှုတ်ခမ်း ကြောင့် အရသာရှိနေတာကို

ခဏအကြာတော့ သူ့လက်လေးတွေနဲ့ ကျွန်တော့် ပေါင်ကိုလာထုနေသည် ကြာသွားတော့အသက်ရှုကျပ်ပြီးထင်ပါရဲ့

" ဟောဟဲ ဟောဟဲ"

ကျွန်တော်လွှတ် ပေးလိုက်တော့  အသက်ကိုလုရှုနေတဲ့ Babe ရယ်ပါ

" Babe စားကောင်းလား "

ကျွန်တော်လဲ Babe ကိုမေးလိုက်တော

" ဟင့်အင်း ကြက်သားတုံးက ဘယ်လိုဗိုက်ထဲရောက်သွားလဲတောင် မသိရဘူး"

တဲ့လေ ကျွန်တော်လဲ ပီတိဝေဆာအပြုံးနဲ့ပြုံးလိုက်ပြီး  ထမင်းကို ဆက် စား တော့သည်

*********************

နေ့လည် ရောက်တော့ ကျွန်တော်စာရေးဖို့ အခန်းလွတ်တစ်ခန်းကိုတက်လာခဲ့ လေသည်

My Author (complete)Where stories live. Discover now