Episode (1)

492 22 4
                                    


"ငါရှောက်လိချန်ဘဝမှာ ဆုံးဖြတ်ပြီးသားကိစ္စကိုနှစ်ခါပြန်မပြင်ဘူး''

ထိုစကားကိုဆိုပြီးတာနဲ့ လိချန်တစ်ယောက်အရက်ခွက်ကိုမြှောက်လိုက်ကာ ရှင်းစီလက်ထဲကခွက်ကိုပြေးတိုက်လိုက်သည်။ သောက်မလို့ရွယ်တုန်းလက်ကျန်အရက်ခွက်လေးက ရှောက်လိချန် လက်ချက်ကြောင့်
ဖိတ်တစ်ဝက်စင်တစ်ဝက်ပင် ဖြစ်ကုန်သည်။

မီးရောင်စုံတွေကြားထဲ ဆူဆူညံညံDJအသံနဲ့အတူ
လူတွေရဲ့စကားပြောသံတွေကြောင့် လိချန် ကျိန်တွယ်ပြီးပြောလိုက်တဲ့စကားတွေကို တကယ်တော့ ရှင်းစီသိပ်တော့လဲမကြားမိ။

"ဒီနေ့ကစပြီး.. ငါရှောက်လိချန်ကျိန်ပြောရဲတယ်
ထန်မုရန် နဲ့ပတ်သတ်မှုဒီမှာတင် ​​ပြီးဆုံးပြီ..
ဟားဟား''

ရယ်သံတွေထဲအမှန်တကယ်ပျော်ရွှင်ခြင်းတွေမပါဝင်
ခပ်ရှရှအက်ကွဲသံနဲ့မခံချိမခံသာ အသံများကိုသာဖော်
ပြနေသည်။

"လိချန် မင်းနဲ့မုရန်တို့ ပြဿနာဖြစ်ကြပြန်ပြီလား''

"ပြဿနာ.. ?အာ.. ငါတို့ကြားမှာ ပြဿနာဆိုတာမရှိပါဘူးနောက်လဲမရှိနိုင်တော့ဘူး အဲ့ဒီထန်ထန်.. ''

ရင်းနှီးခေါ်ဝေါ်နေကြအမည်ကိုသာ လိချန်စိတ်စွဲနေဆဲဖြစ်သည်။ ခဏလောက်စကားစကိုရပ်လိုက်ရင်း ခဏတဖြုတ်တွေးမိသွားပြန်သည်။ သူထန်မုရန်ကို လွယ်လွယ်နဲ့ မေ့ပစ်နိုင်တဲ့လူစားမဟုတ်ပါ။ ဒါကိုနားလည်တဲ့ ရှင်းစီက ရယ်သွမ်သွေးကာ​နောက်သည်။

"မင်း လေကြီးမိုးကြီးပြောပြီး နာမည်လေးတစ်ခုကတောင်သူ့ကို သတိရသွားစေတာလား?''

"ဟားဟား.  မဟုတ်တာ.  သူ့နာမည်ကို ခေါ်ဖို့တောင်
ငါမတက်နိုင်တော့ဘူး''

ဟုတ်တယ် သူမတက်နိုင်တော့ဘူး.. တကယ်တော့
ထန်မုရန်ကို သူသိပ်လွမ်းနေတာလေ။

"အဲ့နာမည်ခေါ်ဖို့တောင် ငါ့အတွက်အတော်ခက်ခဲနေပြီ..တော်ပြီကွာ.. ဒီနေ့ကစပြီး ငါတို့ကြားပြီးပြီ''

"သေချာလား?''

"လုံးဝပဲ''

စကားစကိုဖြတ်ရင်း လိချန်လက်ထဲကအရက်ခွက်က်ို
ကိုင်မြှောက်ရင်းမော့လိုက်သည်။သူ့မှာ မုရန်နဲ့ပတ်သတ်ပြီးစိုးရိမ်စရာတွေအများကြီးပဲ။ သူရဲ့ချစ်စရာကောင်းတဲ့ထန်မုရန်လေးက ယောကျာ်း မိန်းမ မည်သူကိုမဆိုဆွဲဆောင်နိုင်လွန်းတယ်လေ။ ဒါကို သူသဘောမပေါက်ဘူးအလကားနေရင်း သူကသဝန်ကြောင်တယ်ပြောခံရတယ်။မယုံကြည်ဘူးလို့ စွပ်စွဲခံရတယ်။

Uncontroable LoveWhere stories live. Discover now