A Tale Of Thousand stars Chapter - 3(A)

Start from the beginning
                                    

ထီရန်က စာအကြောင်းပြောတဲ့ တွန်ကို သူ၏လက်ထဲမှ ကြက်တောင်ရိုက်သည့်အတံနှင့် ခေါင်းကို အသာလေးထုရိုက်ပြီး တွန်ကလည်း ထီရန်ကို အဲသလိုပြောပြီး ထီရန်၏ ဘောင်းဘီအတိုပေါင်ကြားထဲကို ကြက်တောင်ရိုက်တံနဲ့ အဲသလို တစ်ယောက်ကို တစ်ယောက် စနောက်ကာ နေကြလေသည်။

" လိုရင်းကိုပဲ ပြောမယ်နော် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နှလုံးနံရံရောင်ယမ်းခြင်း ဖြစ်နေတာပါ ''

ဒေါက်တာကစ်က အဲသလို အဖေနဲ့အမေကြားမှာ ရှိနေတဲ့ ထီရန်၏ ရောဂါ အခြေအနေကို ပြောပြနေလေသည်။ အဲ့နောက် ထီရန်က ခဏတာတွေဝေသွားပြီး သူ၏မိဘတွေလည်း သူ့သားလေးကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေလေသည်။

" အဆင်သင့် ဖြစ်ပြီလား ငါ့ကောင် ဟေး ထီရန် ''

တွန်က အဲသလိုပြောပြီး ကြက်တောင်ရိုက်ဖို့ ထီရန်ကို နောက်ကျောပေးကာ ပြောနေပြီး ထီရန်ဘက်လှည့်တော့ ထီရန် မေ့လှဲနေတာကို တွေ့ပြီး စိတ်ပူကာ ထီရန်ဟု ခေါ်ပြီး အပြေးသွားလိုက်လေသည်။

" ထီရန် ဟေ့ ဝေး ဘယ်လို ဖြစ်တာလဲ ထီရန် ဟေး..ကူကြပါဦး ''

ဒေါက်တာကစ်က

" ဒီအတွက် အထူးကုသနည်း မရှိဘူး တစ်ခုတည်းသောနည်းလမ်းက နှလုံးအစားထိုး ကုသတာပဲ ''

" ခွဲစိတ်ပေးလို့ရမလား ''

ထီရန်၏အမေက အဲသလို စိတ်ပူ၍ ဒေါက်တာကစ်အားမေးလိုက်လေသည်။

" ကျွန်တော့်သား ကိစ္စကို ဒေါက်တာကိုယ်တိုင် ဖြေရှင်းပေးနိုင်မလား ''

" ဟို နှလုံးအစားထိုးတဲ့ အဆင့်ကို မသွားခင် နှလုံးအလှူရှင် ရှိဖို့လိုတယ် ပြီးတော့ အရေးကြီးတာက
အဲဒီနှလုံးက ထီရန်နှင့် ကိုက်ညီဖို့လိုသေးတယ် ''

" ဘယ်လောက် စောင့်ရမှာလဲ ဟင် ''

" ကျွန်တော်လည်း မပြောနိုင်ဘူး အခုလောလောဆယ် လုပ်ထားနိုင်တာကတော့

ခန္ဓာကိုယ်ကို သန်မာနေအောင် ထားဖို့လိုတယ် နှလုံးကို အရမ်းအလုပ်မပေးမိစေနဲ့ ပြီးတော့

အဆင်သင့်ပြင်ထားပါ ထီရန်ရဲ့နှလုံးနှင့် ကိုက်ညီတဲ့နှလုံး ရှိခဲ့တဲ့ တစ်ရက်ကျရင် ချက်ချင်းခွဲစိတ်အစားထိုးနိုင်ဖို့ မေးစရာရှိသေးလား ''

A Tale Of Thousand stars Where stories live. Discover now