A Tale Of Thousand stars Chapter - 2(B)

Почніть із самого початку
                                    

ခေါင်းဆောင်ဖူဖာက ကုန်းပေါ်ရောက်တော့ သူ၏ရေစိုနေသော အင်္ကျီကို ချွတ်ကာ ရေညစ်လိုက်လေသည်။

ထိုအခါ ဆရာလေးထီရန်က ရေထဲမှ ခေါင်းဆောင်ဖူဖာ၏ တောင့်တင်းနေတဲ့ ရင်ဘတ်တွေ အဖုအဖောင်းတွေ ဖြစ်နေတဲ့ လက်မောင်းကြွက်သားတွေ တကယ်ကို ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ကြည့်ကာ အကြင်နာအပြုံးလို ပြုံးနေလေသည်။

ခေါင်းဆောင်ဖူဖာက ခဏက အဖျော်ရည်ကို ဖွင့်ကာ သောက်လိုက်လေတော့သည်။ ထို့နောက် ဆရာလေးထီရန်က ယောက်ျားပီသသည့် ခေါင်းဆောင်ဖူဖာ၏ ခန္ဓာကိုယ်ကို ကြည့်နေပြန်သည်။ ခေါင်းဆောင်ဖူဖာကလည်း အဲသလို တကယ့်ကို ကြွေလောက်တဲ့သူမျိုး။

ဒီလိုနဲ့ပဲ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ကျောင်းအိမ်ယာကို ရေတံခွန်မှ ရေချိုးပြီး အင်္ကျီအစိုတွေနဲ့ ပြန်လာကြလေသည်။ ကျောင်းအိမ်ယာတွင် ရော့ချန်းက ဆရာလေးထီရန်အတွက် ထမင်းချိုင့်ပို့လာကာ သူမရှိ၍ စောင့်နေခြင်း ဖြစ်လေသည်။

" ဆရာလေး ''

" အစ်ကို ရော့ချန်း ''

" အေး ဒီမှာ ကျွန်တော် ထမင်းချိုင့်
လာပို့ပေးတာပါဗျ ''

" ကျေးဇူးတင်ပါတယ် ''

" ရေကူးပြီး ပြန်လာကြတာလား ''

" အော် ကျွန်တော် ရေတံခွန်မှာ ရေသွားချိုးတာပါ ''

" ဟမ် နောက်ဘက်မှာ ကိုယ်ပိုင်ရေချိုးခန်း ရှိရဲ့သားနဲ့ ကျွန်တော် ရွာသားတွေကို ရေဖြည့်ပေးဖို့တောင်
ခိုင်းထားသေးတယ် ''

ရော့ချန်းက အဲသလိုပြောသမို့ ဆရာလေးထီရန်က အိမ်နောက်ဘေးကို လှည့်ကြည့်ကာ မနက်ကခေါင်းဆောင်ဖူဖာ တမင်မပြောတာကို သိပြီး ခေါင်းဆောင်ဖူဖာအား မျက်နှာ စူပုပ်ပုပ်နဲ့ ကြည့်လိုက်လေသည်။

ခေါင်းဆောင်ဖူဖာ၏မျက်နှာကလည်း ဆရာလေးထီရန်ကို စနောက်ရ၍ ရည်ချင်နေသလိုမျိုးနဲ့ တစ်ယောက်နဲ့တစ်ယောက် မကြည်သလို ကြည့်ကာ နေလေသည်။

" အဝတ်တွေသွားလဲတော့ ညနေကျရင် ငါလာခေါ်ပြီး ခမာဗျင်လယ်ဆီ လိုက်ပို့ပေးမယ် သူက ဒီရွာက
သူကြီးပဲ ''

A Tale Of Thousand stars Where stories live. Discover now