"အင်း....Jeon လုပ်ပေးတာစားမယ်"

တော်ပါသေးတယ် တော်ကြာသူလုပ်တာသူစားပြီး စိတ်ညစ်နေလိမ့်မယ် Taeက ကျွန်တော်နဲ့ ရည်စားဖြစ်ပြီးမှ ခုလိုလေးချွဲပြီး ခနခန ပြုံးတတ်လာတာ

"ကိုယ့်ရဲ့ Tae လေးအတွက် ပေါင်မုန့်လေးကို
Tae အကြိုက် stawberry ယို လေးသုတ်ပေးထားတယ်"

"အာ့ကြောင့် Jeon ကို ချစ်တာ"

"ဟုပါပြီဗျာ ​စားပြီးရင် ဘယ်သွားမလဲ"

ဒီနေ့က ကျောင်းပိတ်ရက်မို့ Taeသွားချင်တဲ့ နေရာ လေးတွေ လိုက်ပို့ပေးမလို့

"ဟိုလေ Jeon "

"ဗျာ"

"Tae မေမေ စီသွားချင်တယ်"

"ဟုပါပြီဗျာ စားပြီးတာ နဲ့အဆင်သင့်ပြင်ထားလိုက်"

"Nae"

................................................

သူလေးသွားချင်နေတဲ့ နေရာလေးကို ရောက်တော့ ကားပေါ်ကနေဆင်းပြီး
သူ့မေမေ ရှိရာ အုတ်ဂူ ​အဖြူလေးစီကို ေလျှာက်သွား ရင်း အုတ်ဝူအပေါ်ကို
Lavender ပန်းစည်းလေး တင်ပြီး ငိုနေရှာတယ့် Tae လေးရယ်ပါ

"မေမေ သား မေမေစီကို လာနေပြီလေ
ဘာလို့သားကို စကားမပြောရတာလဲ"

အုတ်ဂူကို လက်နဲ့ဖွဖွလေး ပွတ်ရင်း ပြောနေရှာတဲ့ Taeလေး

"မေမေကို သားကြိုက်တယ့် Lavenderပန်းလေး လာပေးတာ
မေမေလည်း ကြိုက်တယ်မလားဟင်"

အုတ်ဂူပေါ်သို့ တစ်စက်ချင်းကျရောက်နေတဲ့
မျက်ရေ ဖြူဖြူ လေးများ နဲ့အတူ ထို မျက်ရည်လေးတွေကို အစ ဖြစ်ပေါ်စေသူ
ကောင်လေးနဲ့ သူ့ ဘေးကနေ ပုခုံးလေးကိုင်ထားပေးတဲ့ ကောင်းလေးတစ်ယောက်

အဲ့တာတွေကို ကြည့်မယ်ဆိုရင် ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို
ကိုယ့်ရှေ့မှာ ကြည့်နေရသလိုပါဘဲ

ခုအချိန်လေးက ကြွေကျနေတဲ့ Lavenderပန်းလေးကို မကြွေကျစေရန်
ထိန်းပေးနေတဲ့ လူငယ်လေး တို့ရယ်
ဝမ်းနည်းဖွယ် မြင်ကွင်းလေးပေါ့

Lavender Tae Tae(Complete)Where stories live. Discover now