" ဟမ်ဟိုဘာမဖစ်ပါဘူးသား ဗိုက်အောင့်နေလို့ပါ "

ဆိုပြီး ကျွန်တော်လိမ်လိုက်ရသည် အဲ့အချိန်မေမေက ကျွန်တော့်ဆီကိုတန်းတန်းမတ်မတ်လျှောက်လာသည်
ကျွန်တော်လဲ ချွေးတွေပါ ပြန်ချင်လာသည် မေမေသိသွားမည်ဆိုးသည် ကိုယ့်လိပ်ပြာတောင်ကိုယ်မလုံချင်တော့ပါ
မေမေက အနားကိုရောက်တော့ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်နေသည်

ရှောင်ရန်ရှင်းလဲ သူမ၏သားဖစ်သူ ဂနာမငြိမ်ဖစ်နေသည်ကို သံသယ ဝင်မိပြီး စကားတစ်ခွန်းကို မေးလိုက်သည်

" သားမေမေ့ကိုလိမ်နေတာလား "

" မဟုတ်တာ သားက ဘာလို့လိမ်ရမှာလဲ မေမေကလဲ ဟိုသားကျောင်းသွားတော့မယ်နော်  "

သူမသိတာပေါ့ သူကိုယ်တိုင်မွေးပြီး ကြီးပြင်းလာတဲ့သားအကြောင်းကို  သူ့အဖေခြေရာနင်းမယ်ဆိုရင်လဲ သူမမတားပါဘူး ပတ်ဝန်းကျင်ကပြောဆိုမဲ့အရာကိုတော့ သူ့သားလေးခံနိုင်ရည်မရှိမှာကိုပဲ သူမကြောက်နေမိတယ်

" သားနဲ့ ရိပေါ် လွန်လွန်ကျူးကျူးဖစ်ခဲ့ကြပြီးလား "

မေမေ့စကားကိုကြားပြီး ကျွန်တော့်ခြေလှမ်းတွေရောက်တဲ့ နေရာမှာတင် ရပ်တန့်သွားခဲ့ သည်
အခုအခြေနေကဘယ်လိုမျိုးကြီးလဲ  ကျွန်တော်ကြောက်သည် မေမေသိပြီး ကျွန်တော်တို့ကိုသဘောမတူမှာကို  မေမေ ကပဲ ထပ်ပြီးကျွန်တော့်ကိုပြောလာသည်

"သား မေမေမေးတာကိုအမှန်တိုင်းဖြေပေးပါ မေမေက သားကို စိတ်မဆိုးပါဘူး"

တဲ့လေ ကျွန်တော်လဲ အဲ့တော့မှ ဘာဖစ်ဖစ်ဆိုပြီး မေမေ့နားကိုလျှောက်လာကာ မေမေ့ရှေ့ မှာဒူးထောက်လိုက်ပြီး

" မေမေ သားမှားသွားပါတယ် ဟင့် သားနဲ့ရိပေါ်အဆုံးထိသွား ပြီး ပါပြီး မေမေ သားမိုက်ကို ခွင့်လွှတ်ပါ ကျွန်တော်ရိပေါ်ကို တစ်ကယ်ချစ်မိသွားလို့
ပြီးတော့ ကျွန်တော်က မေမေမသိအောင်  LGBT အဖစ်ခံယူထားတာပါ  "

သူမ ရှေ့ဒူးထောက်ပြီး မျက်ရည်တွေနဲ့  ရှင်းပြနေတဲ့သားဖစ်သူကို ကြည့်ပြီး ပြုံးနေမိသည်

My Author (complete)Where stories live. Discover now