"ငါသူ့ကိုအနီးကပ်မြင်ချင်လိုက်တာ ဘယ်လိုလုပ်ရပါ့"

"သူပြန်ခါနီးရင်ငါအိမ်ပေါက်ဝမှာသွားစောင့်နေရင်ကောင်းမလား"

"မဖြစ်သေးပါဘူး ငါ့ကိုတမျိုးထင်သွားမှဖြင့်"

ဦးနှောက်နဲ့နှလုံးသား နှစ်ခုကြားမှာဝေခွဲမရဖြစ်နေရင်းပဲ နှလုံးသားကအနိုင်ရသွားတဲ့အခါကြယ်စင်တစ်ယောက်အိမ်ပေါက်ဝရှေ့မှာသွားရပ်စောင့်နေမိတော့သည်

"ခေတ်သစ် မင်းဒီနေ့မိုက်တယ်ကွာငါတို့အသင်းဘက်ကမင်းတစ်ယောက်ထဲဂိုးတွေအများကြီးသွင်းသွားတာ ဟိုအစ်ကိုကြီးတွေတောင်အံ့ဩ‌သွားတယ်"

"သူရိန်ကလည်းကွာ မင်းကငါ့ကိုအရမ်းမြှောက်လွန်းနေပါပြီ ကြက်ကန်းတိုးသွားတာပါကွ"

ခေတ်သစ်ရဲ့အသံလေးကြားရုံနဲ့တင်စိတ်ထဲအေးခနဲခံစားလိုက်ရသည် စကားသွားပြောချင်သော်လည်းသတ္တိကအဲ့လောက်မရှိ‌။

"ဟဲ့ကြယ်စင် နင်သူများအိမ်ပေါက်ဝမှာဘာရပ်လုပ်နေတာလဲ ရုပ်ကလည်းသူခိုးရုပ်နဲ့"

ကိုယ့်ကိုစနောက်နေကျအသံလေးကိုကြားလိုက်တော့ငုံ့ထားသည့်ခေါင်းကိုပြန်မော့ပြီးကြည့်လိုက်သည်

"ခေတ်...ခေတ်...သစ်"

"အေးဟုတ်တယ်လေငါလေ ခေတ်သစ် နင့်ရုပ်ကလည်းသူခိုးလူမိသွားတဲ့ရုပ်နဲ့ ငါ့နာမည်ခေါ်တာတောင်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ်"

"မှန်မှန်ပြောနင်အဲ့အိမ်ထဲကဘာခိုးမလို့လဲ"

"ခိုးစရာလားဒါငါ့အိမ်ဟဲ့ လူကိုများသူခိုးဆိုပြီးလာစွပ်စွဲနေသေးတယ် အရူးကောင်! "

"ကြယ်စင်မရယ်နင်ကလည်းခေတ်သစ်ပြောလည်းပြောချင်စရာပဲ နင့်ရုပ်ကသူခိုးလူမိသွားသလိုဖြစ်နေတာကိုးး"

ကိုယ့်မှာခေတ်သစ်ကိုတွေ့လိုက်ရလို့ရှက်နေရတဲ့ကြားထဲသူရိန်ကဝင်ညှောင့်လိုက်သေးသည်

"နင်တို့နှစ်ယောက်ကတော့ငါ့ကိုတွေ့ရင်ဖဲ့ဖို့ကြီးပဲ ၊နင်တို့နဲ့ဖက်ပြောမနေတော့ဘူး အိမ်ထဲဝင်တော့မယ်ဒါပဲ"

"ဟဲ့ကြယ်စင်နေပါဦးဟ သူရိန်နဲ့ငါနဲ့ကနင့်ကိုစတာပါ"

နောက်ကနေပါလာတဲ့တိုးသဲ့သဲ့အသံလေးကိုတောင်ဂရုမစိုက်အားတော့၊ အိမ်ထဲရှက်ရှက်နှင့်ပြေးဝင်လာမိတော့သည်

အချစ်ဦးWhere stories live. Discover now