part-11🤫🤫🔞

Start from the beginning
                                    

အခြေနေကောင်းနေတဲ့စကားဝိုင်းက  သူကျွန်တော့် Babe ကို ဒီစကားမပြောခင်ထိပေါ့

" ဒါနဲ့ Xiao zhan နော်နာမည်က အကိုက မင်းကို ဒေါ်လေးပြောကတည်းကတွေ့ချင်နေတာ  အခုတွေ့လိုက်တော့လဲ ချစ်စရာလေး "

ဆိုပြီး Babe ကို ပြောလိုက်တော့ ဒေါသကထောင်းကနဲ

" အကိုဝမ်ချောင်  Babe က ကျွန်တော့်Babe နော်ပိုင်ရှင်ရှိပြီးသားသူကိုအဲ့လို မပြောနဲ့ ကျွန်တော်မကြိုက်ဘူး"

ဆိုပြီး ရိပေါ်က ကျွန်တော့်ကိုပြောလိုက်တော့ ကျွန်တော့်မှာရီချင်စိတ်ကိုမနည်းအောင့်ထားရ   ရိပေါ်က  ကျွန်တော့်ကိုအရင်တုန်းကလိုထင်တုန်းပဲကို
ကျွန်တော်လဲ ရိပေါ်ကိုစချင်တာနဲ့ ဆက်ပြီးပြောလိုက်တယ်
ဒါကိုအကြောင်းသိနေတဲ့ ဒေါ်လေးကပြုံးစိစိ

" ဒါပေမဲ့ Xiao Zhan က တစ်ကယ်ချစ်ဖို့ကောင်းလို့ ကောင်းတယ်ပြောတာကိုမရဘူးလား "

" ကျစ်  ...."

ကျွန်တော်ထပ်ပြောလိုက်တော့ရိပေါ်က ဒေါသထွက်ပြီး ကျွန်တော့်ကော်လံစကိုဆွဲကိုင်လိုက်သည်

" Darling မလုပ်နဲ့ "

Xiao zhan ပါ ပါလာသောကြောင့်မနေနိုင်တဲ့ ရိပေါ်အမေကပဲ ကြားထဲဝင်တားရတော့သည်

" ကဲကဲ တော်ကြတော့ ဝမ်ချောင်မင်းလဲမင်းညီအကြောင်းသိရက်နဲ့ သွားမစနဲ့တော့ "

" ဟားဟား ဒေါ်လေးကလဲ ကျွန်တော်ရိပေါ်ကို စချင်သေးတယ်ဆို "

အမေနဲ့အကိုဝမ်ချောင်ဘာတွေလုပ်နေမှန်းကိုမသိတော့ဘူးဗျာ ကျွန်တော်လဲ စိတ်လျှော့ကာ ခုံမှာပြန်ထိုင်လိုက်သည် မနေနိုင်တဲ့ကျွန်တော်ကပဲ

" ဘာတွေဖစ်နေကြတာလဲ ကျွန်တော့်ကိုဘာတွေဖုံးကွယ်ထား ကြတာလဲ  "

Darling က ကျွန်တော်သိချင်တဲ့မေးခွန်းမေးလိုက်တော့ ကျွန်တော်လဲ အငြိမ်လေးနားထောင်နေလိုက်သည်

" ရိပေါ်ရာ အကိုကအရင်တုန်းကလိုလဲ မဟုတ်တော့ဘူး ပြီးတော့ မင်းနဲ့ ရှောင်ကျန်း ကြားမှာလဲ အကိုက ဗီလိန်မဖစ်ချင်ဘူး ဇာတ်ပို့ပဲဖစ်ချင်တာ ပြီးတော့ အကိုက အခုပြန်လာတဲ့အကြောင်းက စာအုပ်အုပ်တိုက်တည်ထောင်မလို့လေ အကိုနိုင်ငံခြားကိုရောက်ပြီးတော့  ကောင်လေးတစ်ယောက်ကိုအရူးမူးချစ်မိသွားခဲ့တယ်
အဲ့အချိန်ကနေစပြီး အကိုကLGBT အသိုင်းဝိုင်းထဲဝင်လာခဲ့တယ်
ပြီးတော့ဒေါ်လေးနဲ့ အဆက်သွယ်လုပ်ပြီး တိုင်ပင်ခဲ့တယ် ဒေါ်လေးက အကို့ကို xiao Zhan ရေးတဲ့ ဝတ္ထုကို ပထမဆုံးပေးဖတ်ခဲ့တယ် 
အဲ့ကြောင့်အကိုလဲ Xiao. Zhan ရဲ့စာဖတ်သူတစ်ယောက်ပဲ
ပြီးတော့နောက်ပိုင်းမှာ အကိုက ဝတ္ထု တွေအဖတ်များပြီး
Author တွေရဲ့အနာဂတ်ကို  ဖန်တီးပေးချင်လာလို့ စာအုပ်တိုက်တည်ထောင်ဖို့  စီစဉ်လိုက်တာ...."

My Author (complete)Where stories live. Discover now