" ကိုယ့်ကိုပြုံးပြပါလို့ ချစ် Babe လေးရေ "

ကျွန်တော်ပြောလိုက်တော့ ချစ်ရသူ မျက်နှာပေါ်က ပေါ်လာတဲ့ အပြုံးတစ်ပွင့် က ကျွန်တော့်ရင်ထဲက ချောရည်ပူတွေကို  ရေခဲတွေက တိုက်စားသွားသလိုမျိုး
အေးမြ သွားစေခဲ့တယ် ပြီးတော့ စိုက်ကြည့်မိတယ်
ကျွန်တော့်မျက်လုံးတွေ က သူ့ဆီက မခွာနိုင်တော့တဲ့အထိပေါ့

"  Darling ဘာကြည့်နေတာလဲ  သွား မယ်လေ "

" ကိုယ့် Babe လေးက အရမ်းကိုချစ်ဖို့ကောင်းနေတော့
ငုံထားချင်နေပြီး  လာ ကိုယ်ချီသွားမယ် "

ကျွန်တော်လဲ Babe ကိုယ်လေးကိုချီမယ်လုပ်တော့ Babeက

" မချီနဲ့တဲ့လမ်းပဲ လျှောက်ချင် လို့ "

တဲ့လေ ကျွန်တော်လဲ Babe စိတ်တိုင်းကျ စကားနားထောင်ပြီး လက်လေးတွဲကာ ဆင်းလာခဲ့ကြတော့တယ် လှေကားတစ်ဝက်လောက် ရောက်တော့ အောက်မှာရပ်နေတဲ့ မေမေ

" ဟဲ့ သား ဘယ်လိုဆင်းလာကြတာလဲ အော် ဒီခလေးကတော့ ဘာလို့် Xiao zhan လေးကို မချီခဲ့ ဘဲ လမ်းပေးလျှောက်ခိုင်းလာတာလဲ သားက အခုမှလုပ်ပြီးကာစပူပူနွေးနွေးလေးပဲ ရှိသေးတယ်လေ မေမေ့သားမက်လေး နာနေမှာပေါ့ ရပ်ရပ် အဲ့မှာရပ်နေ မေမေ့သားမက်လေး ချီပြီးဆင်းလာ လှေကားတွေက အတက်အဆင်းနဲ့ ကြမ်းပြင်လို ညီနေတာ မဟုတ်ဘူး "

ဆိုပြီးဘာညာဘာညာ သူ့သားမက်လေးကိုမချီခဲ့လို့ဆိုပြီး နားပူအောင်တစ်ရပ်စပ် ပြောနေတဲ့မေမေ Babe ကို လှည့်ကြည့်တော့လဲ မျက်နှာကြီးကို နီလို့
အေးလေ ရှက်မှာပေါ့ မေမေပြောပုံကိုက ကျောချမ်းစရာ

" ကဲ မေမေ တိတ်ပါတော့ သားချီလို့အောက်ကိုရောက်နေပြီး "

" အဲ့ဆိုထမင်းစားခန်းထိ ဆက်ပြီးချီလာခဲ့လာ"

" ဟိုအန်တီ ကျွန်တော်လမ်းလျှောက်နိုင်ပါတယ် "

" မရပါဘူး သား xiao zhan လေးကိုအောက်မချနဲ့ နော် လာလာ ဗိုက်ဆာနေတော့မှာပဲ "

မေမေ့စိတ်တိုင်းကျ ပဲ လုပ်ပေးလိုက်တယ် Babe ကလဲ ကျွန်တော့်ရင်ခွင်ထဲမှာနစ်မြုပ်လို့ ထမင်းစားဝိုင်းထဲရောက်တော့လဲ Babe ထိုင်တဲ့ခုံမှာ နူးနူးညံ့ညံ့လေးရှိတဲ့ အခင်းတစ်ခုကို ခင်းထားတာတဲ့ ကျွန်တော့်မေမေက fujoshi  လို့ ဆိုင်းဘုတ်မတပ်ထိလောက်အောင် လက်ဖျားပါခရတယ်

My Author (complete)Where stories live. Discover now