Episode 17 [Z+U]

Depuis le début
                                    

ဒီအေးစက်လွန်းသည့် တိတ်ဆိတ်ခြင်းက ဘာပါလိမ့်။ ရို တယောက် သူ့ဘေးနားရှိခဲ့တုန်းက
သူဒါတွေဂရုစိုက်ခဲ့တာမှမဟုတ်ဘဲ။သူ့ဘေးနားမှ အေးအေးလူလူ
မီးလှုံနေသည့် အကို့အား စကားတွေအများကြီးပြောချင်မိသည်။ဘယ်လောက်ဘဲ အသုံးမကျသည့်အကြောင်းဘဲ ဖြစ်ပါစေ၊အကိုနဲ့ဆိုရင် အလွန်လှပမည့်ဇာတ်လမ်းတပုဒ်ဖြစ်သွားလိမ့်မည်။

ညီလေး"လို့ ခေါ်တတ်တဲ့ အကို့ရဲ့ ဂရုဏာသံသက်သည့် အသံချိုချိုကို ထပ်မံကြားချင်မိသေးသည်။သူဘာတွေ မရိုးမယွ ဖြစ်နေပါလိမ့်။ ရို ဘာကြောင့် သူ့အနားရောက်တိုင်း စကားတွေတတွတွတ်ပြောတတ်သည်အားကိုယ်ချင်းစာတတ်လာသည်။ရို ကတခြားသူနဲ့ဆို အပြုံးအရီမှရှိခဲ့တာမဟုတ်ဘဲ။

လေပြင်းပြင်းတချက်တိုက်ခတ်လိုက်ရာ ပြတင်းပေါက် များ ဂျိမ်းခနဲ မြည်အောင်စောင့်ပိတ်သွားကြသ ည်။ မင်ရောင်ကဲ့သို့ မည်းနက်နေသည့် ဆံပင်ရှည်များသည် မီးရောင်အောက်တွင် တလက်လက် လွင့်လူးနေကြသည်။ မျက်နှာသွယ်သွယ်ပေါ်ကပိုကရို မှီတွယ်လာသည့် ဆံပင်များအား အကိုက ဖယ်ရှားရန် ဟန်ပြင်လိုက်သည်...

ဖြူလွလွနှင်းမှုန်များသည် ဆံနွယ်များပေါ် ကပ်ညှိနေသည်ကိုမကြိုက်။အလွန်တန်ဖိုးထားလွန်းသည့်ပစ္စည်းလေးအား ဖုန်တစက်မှမတက်စေချင်သကဲ့သို့ ပင် အကို့ရဲ့ဆံပင်ရှည်များအား နဂိုအတိုင်း လှလှပပ တင့်တယ်စေချင်သည်။သူတယောက်ထဲအတွေးပွားနေဆဲ အကိုသည် စည်းနှောင်ထားသည့် ဆံပင်ရှည်အားဖြည်ချလိုက်ပြီဖြစ်သည်။သူလည်းလှုပ်လှုပ်ရှားရှားဖြင့် ရင်ထဲမှာအပြည့်ဖြစ်လာသည့် သူ့ရဲ့ဆန္ဒအား ဖျစ်ညစ်ပြောလိုက်မိသည်။

"ကျနော် ကျနော် ရှင်းပေးပါ့မယ်"

"ဟမ် ဘာကိုလဲ "

အေးစက်စက်တုံ့ပြန်လာသည့် အပြုအမူကြောင့် ရှိစုမဲ့စု သတ္တိများပျောက်သွားပြန်သည်။ခုမှတွေ့တဲ့လူတယောက်ကို အကို ကသူ့ရဲ့ခေါင်းကို ကိုင်ခွင့်ပြုမှာတဲ့လား။

သူငြိမ်ကျသွားတော့ အကိုက သူ့အားအကဲခတ်သလို ကြည့်လာပြီး နောက် နူးနူးညံ့ညံ့ မေးလာသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 18, 2021 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Où les histoires vivent. Découvrez maintenant