ခြုံပင်နွယ်ပင်တွေဖြင့်အုပ်စိုင်းနေသည့်အိမ်အိုအိမ်ပျက်တလုံးအားမြင်လိုက်ရသည့်အခါ၊နှစ်ယောက်သား ခိုက်ခိုက်တုန်နေသည်ကြားမှတယောက်မျက်နှာတယောက်ကြည့်လျက်သား ပြုံးမိလိုက်ကြသေးသည်။အကို့ရဲ့မျက်ဝန်းသွယ်လေးတွေကွေးညွတ်သွား၍ အကိုပြုံးလိုက်မိသေးတယ်လို့ ယူဆလိုက်ခြင်းဖြစ်သည်။
အိမ်ကြီးသည်လူမနေတော့၍ ဟောခန်းလိုအကာအရံမရှိ ဟောင်းလောင်းဖြစ်နေပြီး ဖုန်မှုန့်များကအသက်ရှူကြပ်စေသည်။ခိုလှုံစရာနေရာရသွားပေမဲ့၊မီးလှုံဖို့မီးမရှိတော့ ချမ်းနေသေးသည်။
အကိုသည်ကျိုးပျက်နေသည့် သစ်သားအပိုင်းအစများအားအချိန်မစိုင်းဘဲ တခုချင်းစီလိုက်စုနေသည်။သူလဲမနေသာတော့ဘဲ တွေ့သမျှ သစ်သားစများအားလိုက်စုပေးသည်။ပြီးတော့ရလာသည့်သစ်သားများအား အားလုံးစုကာ ဟောခန်းအလယ်ထဲ ပုံချထားလိုက်သည်။
"မင်းမှာ မီးခြစ်ပါလာသေးလား"
"အာ မီးခြစ်တော့ပါမလာဘူး အကိုရဲ့ ဘယ်လိုလုပ်ကြမလဲ"
ထင်းပုံကြီးအား စိတ်ပျက်ပျက်ဖြင့်ညည်းညူ ကာ ကြည့်လိုက်မိသေးသည်။ရှဲခနဲ မြည်ကာ ညှော်နံ့နဲ့အတူ မှောင်မဲနေသည့် ပတ်ဝန်းကျင်တွင် မီးရောင်သည်တောက်ပလာသည်။သူလဲ အကို့အနားအပြေးသွားလိုက်ပြီး အကို့လက်ထဲကိုင်ထားသည့် မီးခြစ်ဆံကိုအံ့အားသင့်စွာ ကြည့်မိသည်။ဂတ်စ်မီးခြစ်ကိုမသုံးဘဲ မီးခြစ်ဆံကိုအကိုက သုံးနေသေးသည်။အကိုက ရှေးဆန်သည့်အသုံးအဆောင်ပစ္စည်းတွေ သဘောကျတာလား။
ကြည့်ပါအုံး။သူဘယ်တုန်းကထဲက လူတယောက်ကို အသေးစိတ်အာရုံစူးစိုက်မိသွားတာပါလိမ့်။
တရှိန်းရှိန်းတောက်လောင်နေသော မီးပုံရှေ့နား အေးစက်နေသည့် လက်အားမီးပြလိုက်ကာအပူပေးလိုက်သည်။မီးရောင်နဲ့ထိတွေ့မှပင် ပြာနမ်းနေသည့် ခခဲရူ
ရဲ့ ပါးမို့မို့နှစ်ဖက်တွင် သွေးရောင်သမ်းလာလေသည်။ဖြူလျော်နေသည့် ကော်ပတ်ရုပ်လေးသည် ဆာကူရာအပွင့်ကဲ့သို့ ပန်းဆီရောင်သမ်းကာ အစွမ်းကုန် သဘာဝဆန်နေပါသည်။
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...
Episode 17 [Z+U]
Start from the beginning