Episode 17 [Z+U]

424 27 2
                                    

တစ္ဆေသတို့သား အပိုင်း ( 17 )

ညနက်လာသည်နှင့်အမျှ နှင်းမုန်တိုင်းသည်ဆတိုး၍ သည်းထန်လာသည်။ဖွေးဖွေးဖြူသောနှင်းရည်များဖြင့် သူတို့ခန္ဓာကိုယ်သည်ကြွက်စုတ်ကဲ့သို့ စိုစွတ်နေလေသည်။ဖိအားပြင်းထန်လွန်းသည့်လေထုအား ဆန်တက်၍ ပြေးနေရ၍ ထင်သလောက်ခရီးမပေါက်။မြွေများအုပ်စုလိုက်တွန်ကြူးလိုက်သလိုစူးရှကျယ်လောင်သာအသံများဖြင့် သောသောညံကုန်ကြသည်။အကို သည်သူ့လက်ကိုဆွဲထားရင်း တရှိန်ထိုးပြေးနေရာမှ မြေကြီးပေါ် ဝပ်ချလိုက်သည်။သူ့ခန္ဓာကိုယ်သည်အားပြင်းပြင်းဖြင့် မြေကြီးပေါ်ဆွဲချခံလိုက်ရပြီး၊

သူ့အပေါ်မှအကိုသည် အုပ်မိုးလျက်ရှိသည်။အိမ်ခေါင်မိုးတခုပေါ်မှကျွတ်ထွက်လာသော သွပ်ပြားတချပ်သည် သွားကြိမ်းလုမတတ် မြည်ဟီးလျက် သူတို့နှစ်ဦး၏ ခေါင်းပေါ်မှသီသီလေးရှပ်ပြေးသွားလေသတည်း။

သွပ်ပြားဖြူဖြူသည် သူတို့နှစ်ဦးခေါင်းပေါ်မှနီးကပ်စွာဖြတ်တိုက်သွား၍၊အကိုသည်သူ့အားပွေ့ဖက်လျက် သူ့ရင်ဘတ်ပေါ် ခေါင်းတင်ထားရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။မှောင်မဲနေသည့်လမ်းကြားလေးထဲကထက် ယခုအခြေအနေသည် ပိုပြီးဆွဲဆောင်မှုရှိကာ ပိုပြီး
တသားတည်းဖြစ်နေလေသည်

အကိုရဲ့ ညင်သာစွာခုန်လှုပ်နေသောနှလုံးခုန်သံကို ပီပြင်စွာကြားနေရသည်။ရှည်သွယ်သောမျက်ဝန်းညိုညိုတို့သည် လျှပ်ရောင်နှင့်အပြိုင်လှပစွာ ကခုန်နေကြသည်။သူတို့နှစ်ဦးထပ်မံနီးနီကပ်ကပ်အကြည့်ချင်းဆုံမိကြသည့်အခါ၊အကို့ရဲ့နှလုံးခုန်သံသည် စည်းချက်မညီညာစွာ ခုန်လှုပ်နေတော့သည်။

ယကူဇာတွေလက်ထဲကထက် ပို၍အသက်အန္တာရယ်ထိခိုက်နိုင်သည် ထင်ရပေမဲ့၊ ခခဲရူ အတွေးထဲဝယ် ပန်းနုရောင်ခြယ်သည့်ဆာကူရာပန်းခင်းထဲ ကခုန်နေသလိုခံစားရသည်။သေချာသည်ပေါ့၊သူလဲတဖြည်းဖြည်းရှက်သလိုဘာလိုလို ခံစားနေရသည်ဘဲ။

သူတို့နှစ်ဦးသည် လေငြိမ်သွားသည့်အထိ စောင့်နေပြီးမှ၊ ဒီညအဖို့ခိုနားရန်နေစရာတခုခုရှာဖွေရတော့သည်။ သေချာသည်​ပေါ့၊တံခါးအလုံပိတ်ထားသည့် ခြံဝင်းကျယ်တွေဆီမှအကူအညီမရနိုင်မှန်း။ထို့ကြောင့် လူသူမနေသည့်
အိမ်အိုအိမ်ပျက်တလုံးအားအလျင်အမြန်ရှာဖွေရတော့သည်။မုန်တိုင်းသည်ငြိမ်သွားပေမဲ့ သိပ်မကြာခင်မကောင်းဆိုးဝါးလိုသောင်းကျန်းတတ်၍ သူတို့နေထိုင်သည့်အိမ်ဆီမရောက်နိုင်တော့မှန်း
်သေချာသိနေကြသည်။

You've reached the end of published parts.

⏰ Last updated: May 18, 2021 ⏰

Add this story to your Library to get notified about new parts!

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now