Episode 16[Z+U]

166 23 0
                                    

တစ္ဆေသတို့သား အပိုင်း ( 16 )

သူ့ရဲ့နောက်ကနေ ဖြည်းဖြည်းလေး လိုက်ပါလာသည့် ဖိနပ်သံတရှပ်ရှပ်" သည် အတော်အာရုံနောက်ဖို့ကောင်းလွန်းသည်။ သူက
မကျေနပ်လို့ ဘယ်ဘက်ကပ်လျှောက်ရင် ထိုဖိနပ်သံကလဲ တရှပ်ရှပ်နဲ့ လိုက်ကပ်သည်။ ညာဘက်ကပ်လျှောက်ကြည့်ရင်လဲ လိုက်ပြီး သူနဲ့အတူကပ်လျှောက်ပြန်သည်။ သည်းခံနိုင်စွမ်းကုန်ဆုံးနေပြီဖြစ်သော သူသည် လမ်းလယ်ခေါင်ပေါ် တိခနဲရပ်လိုက်လျှင်၊ နောက်ပါးက ဖိနပ်သံ တရှပ်ရှပ်လဲ ပျောက်ကွယ်သွားသည်။

"မင်း ခိုးကြောင်ခိုးဝှက်နဲ့ သူများနောက် ဘာလိုက်လုပ်တာလဲ "

ယခုလို ရုတ်တရက် ကြီးသူရပ်လိုက်ပြီး ဒေါသတကြီးပြောလိမ့်မယ်မထင်ထားသော ကောင်လေးသည် မျက်လုံးကလေးများဝိုင်းစက်ကာ ပခုံးသားလေးတွေ တုန်ယင်နေလေသည်။

"ကျနော် လိုက်ချောင်းနေတာမဟုတ်ပါဘူး။ တကယ်တော့ ကျနော် ဘယ်သွားရမှန်း မသိတော့လို့ပါ"

"ဟမ်!!!!!!

သူ့အားမော်ကြည့်လာသည့် ခရမ်းရောင်မျက်ဝန်းဝိုင်းလေးသည် အားငယ်ခြင်းအရိပ်အယောင်ဖြင့်
ပြည့်နှက်လို့နေပြီး၊ လမ်းပျောက်နေသည့် ခလေးငယ်လေးက တွေ့သမျှ လူကြီးတိုင်းအား အားကိုးသလို မော့မော့ကြည့်တတ်သည့် ဖြူစင်ရိုးသားလွန်းသည့်ပုံစံငယ်လေး ဖြစ်လေသည်။

ထိုလူနောက်ကိုလဲ လှည့်ကြည့်ပြီးလဲ မေးဖော်ရသေးသဖြင့်၊ ခခဲရူ ထိုသူ့ဘေးနားကို ခပ်သွက်သွက် လျှောက်လိုက်သည်။

"ဟုတ်ပါတယ် အကို။ ကျနော်က ကာဂိုရှီမား ကိုရောက်တာသိပ်မကြာသေးတော့ ဒီကလမ်းတွေကိုမှတ်မိဖို့ ကျင့်သားမရသေးဘူး"

လေသံကအစ နှိမ့်ချကာ သူ့အားယဉ်ယဉ်ကျေးကျေးပြောလာသည့် လူရွယ်အား စူးစမ်းလိုစိတ်ဖြင့် သေချာကြည့်မိသည်။ မျက်နှာထားလေးကအစ ယောင်ချာချာနဲ့အားငယ်သလို ဖြစ်နေ၍ စိတ်ထဲ ကောင်လေးအမှန်ပြောနေတာဖြစ်မှာပါ တွေးမိသည်။

အနည်းငယ်အူကြောင်ကြောင်နိုင်သား၊ စောနက ဘာမဆီညာမဆိုင်သည့် သူ့အား ပြသာနာကြားထဲဆွဲထည့်ရကောင်းလားဆိုပြီး လေသံကအစမာရေကြောရနိုင်လွန်းသည်။

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now