VEEရေခွက်အားခုံပေါ်ပြန်တင်လိုက်ရင်းသူ့ကလေးလေးအားမေးလိုက်သည်။

"အိမ်မက်ထဲမှာ လူကြီး..အဲ..ကို ကိုက လက်ကိုကြိုးတုပ်ခံထားရတာ။မျက်နှာမှာလည်း အားမရှိသလိုပဲ။ကျွန်တော်က အမှာင်ကြီးထဲမှာ လှမ်းခေါ်နေတာ။အဲ့မှာ မနေ့ကတွေ့တဲ့ အဒေါ်ကြီးက ကိုကိုက သူ့အပိုင်ဆိုပြီး ခေါ်သွားတာ"

"အဲ့တာကြောင့် Babyလေးက ထားမသွားပါနဲ့လို့ပြောတာပေါ့..ဟုတ်လား"

"အင်းလေ...အဲ့နေရာကြီးက ကြောက်စရာကြီးကို"

"အမယ်...လိမ်မနေပါနဲ့ mafiက ကိုကို့ကို ခေါ်သွားလို့ အော်ခေါ်နေတာမလားးမင်းလေး ကိုကို့ကိုချစ်နေပါပြီကွာ"

"မဟုတ်...မဟုတ်ပါဘူးဆို...ဘယ်လိုဖြစ်နေတာလဲ Vampireစုတ်ကြီးရဲ့"

"အယ်...ခုနကတော့ကိုကိုဆိုပြီး"

"ဟုတ်တယ်...ကိုကို့ကို လူကြီးလို့မခါ်တော့ဘူး။အိမ်မက်ထထဲမှာ အဲ့လိုခေါ်မိလို့ ကိုကို ကြိုးတုပ်ခံရတာ"

"ဟားးးဟားးးအဲ့အိမ်မက် ဖန်တီးပေးလိုက်တဲ့ သူကိုတောင် သတ်ချင်စိတ်ပျောက်သွားတယ်"

"ဟင်!!အိမ်မက်ကို အဲ့လိုဖန်တီးလို့ရတာလား"

"အင်းးးးVampireအမတွေက အဲ့လိုလုပ်နိုင်တယ်"

"အဲ့တာဆို..."

"အင်းးးးဟုတ်တယ် Mafiက အိမ်မက်ထဲထိ Babyကိုလာနှောင့်ယှက်တာ"

"အဲ့အဒေါ်ကြီး အရမ်းယုတ်မာတာပဲ။ကျွန်တော့မှာ လန့်သွားတာပဲ"

"သူပြန်ပေးဆပ်ရမှာ!!မို့...Babyလေးမပူနဲ့နော်"

"အရမ်းကြီးတော့ ပြန်မလုပ်ပါနဲ့နော်။ဘယ်လိုပဲပြောပြော သူကမိန်းကလေးမလား"

"အင်းးပါBabyရဲ့"လို့သာပြန်ပြောလိုက်ပေမဲ့ စိတ်ထဲတွင်တော့*Babyလေးလူတိုင်းက Babyလေးရဲ့ စေတနာနဲ့မထိုက်တန်ကြဘူး။သူ့ကိုလည်း Babyလေးလို ပူလောင်ခဲ့ရသလို ပြန်လုပ်မှာ*

"လူကြီး...အဲ..ကိုကို ဘယ်နှနာရီရှိပြီလဲမအိပ်ချင်တော့ဘူး"

"ခုမှ၃နာရီပဲရှိသေးတယ်ကလေးရဲ့။မအိပ်ချင်တော့ဘူးဆို ဥယျာဥ်ထဲ လျှောက်လည်ကြမလား"

The little king of the vampireWhere stories live. Discover now