ရှောင်ကျန့် အိမ်ကို ပြန်ရောက်တော့မားနဲ့ပါးကလည်း စိတ်ပူစွာနဲ့ အိမ်ပေါက်ဝမှာ စောင့်နေကြတယ်။

"သားလေး အဆင်ပြေရဲ့လား"

"ဟုကဲ့ပြေပါတယ်မား"

အဆင်ပြေတယ်ပြောသော်လဲ မျက်နှာမကောင်းတာကြောင့် မားနဲ့ပါး တယေညက်မျက်နှာတယောက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

"သားလေး ရီပေါ်က တကယ်ဘဲ မြေခွေးမိစ္ဆာလား"

"မဟုပါဘူး သူက မြေခွေးတော့မှန်ပေမဲ့ မိစ္ဆာမဟုပါဘူး ဘယ်သူကိုမှလဲ ထိခိုက်အောင်မလုပ်ပါဘူး သမားတော်ဂူက သူ့အပြစ်တွေကိုဖုံးကွယ်ချင်လို့ ရီပေါ်ကို တမင် ချောက်ချတာပါ"

"အေးပါ မားနဲ့ပါးလဲ ရီလေးကို ယုံကြပါတယ် သူက ဒီလောက်အကျင့်ကောင်းတာ မကောင်းတာမလုပ်လောက်ဘူးဆိုတာ သေချာတယိ"

"ကျေးဇူးပါ မား ကျေးဇူးပါ ပါး"

"သားလဲ ကျန်းမာရေးဂရုစိုက်ပါအုံး မျက်နှာမှာလဲ သွေးမရှိတော့ဘူး"

"ဟုကဲ့"

"ဒါနဲ့ရီပေါ်ဘယ်ရောက်နေလဲ သားမသိဘူးလား"

"မသိဘူးမား သားလဲနေရာနှံ့နေပြီ ဘယ်မှာမှမတွေ့ဘူး"

"အေးပါ သွားနားတော့ သူလဲ အချိန်တန်ရင် သားစီပြန်လာမှာပါ"

ရှောင်ကျန့်တယောက် ခေါင်းလေးငုံ့ကာ အခန်းထဲပြန်သွားတော့သည်။ အခန်းထဲရောက်တာနဲ့ ငိုကြီးချက်မ ငိုတော့သည်။ အဆက်မပြတ်ကျနေတဲ့ မျက်ရည်တွေကြား အသက်ရှုကျပ်လာသည်အထိငိုနေသည်။ ငိုရင်း ချောင်းတွေပါ အဆက်မပြတ်ဆိုးလာသည်။ သွေးတွေပါ ပါလာပြီး နှလုံးတွေအောင့်နေခဲ့သည်။

"ရီလေးရယ် မင်းဘယ်များရောက်နေလဲ အိမ်ကို ပြန်လာခဲ့ပါတော့"

...............

သတိမရတဲ့ ရူ့လွီကို အတွင်းအားတွေ ပေးနေရတာကြောင့် ချွေးတွေပြန်လာရသည်။

အဟွတ်အဟွတ်

ရူ့လွီ ချောင်းဆိုးရင်း သွေးပါ ပန်းထွက်လာခဲ့သည်။ ထို့နောက်မျက်လုံးပွင့်လာခဲ့သည်။

Love poison S1 (Complete)Where stories live. Discover now