ခေါက် ....ခေါက်.....

ရီလေး .....ရီလေး ......မင်းအထဲမှာမလား .....ရီလေး....... ရီလေး...:::::

ခေါက် ......ခေါက်...... ခေါက်

အချိန်အကြာကြီး ခေါက်ပြီးကာမှ ကျွီမခနဲ တံခါးဖွင့်တော့ ရီလေးအထင်နဲ့ပျော်သွားသည်။ ရူ့လွီမြင်လိုက်ရတော့ တခါထဲ အပျော်ပျက်သွားသည်။

"ရီလေးဘယ်မှာလဲ အထဲမှာရှိတယ်မလား"

"ဘာလုပ်ဖို့မေးနေတာလဲ မကောင်းတဲ့အကောင်"

"ရီလေးနဲ့တွေ့ခွင့်ပေးပါ"

"မပေးနိုင်ဘူး ကောက နင်နဲ့မတွေ့နိုင်ဘူးတဲ့"

ပြောပြီးသည်နှင့် ရူ့လွီတယောက် အိမ်ထဲပြန်ဝင်သွားသည်။ ရီပေါ်ကတော့ အားမလျော့ဘဲ ထပ်အော်လိုက်သည်။

"ရီလေး မင်းထွက်မလာမချင်း ကိူအိမ်ရှေ့မှာ ဒူးထောက်နေမယ် ကြားလားရီလေး"

ကို့ရဲ့အော်သံကြားသော်လည်းမျက်နှာချင်းဆိုင်ရန် အားမရှိပါ။ ခုဏကမှ မင်းနဲ့ငါနဲ့ပြောထားတဲ့ ကိုကိုမဟုလား။ ဒါပေမဲ့ မိုးရေထဲမှာ ဒူးထောက်နေတာကြောင့် စိုးရိမ်မိပါတယ်။

"ကော ဘာလဲ မပြတ်နိုင်လို့လား အသံမကြားနိုင်ရင် ဂါတာနဲ့သူ့အသံပျောက်အောင်လုက်လိုက်လို့ရသားဘဲ "

"သူက မိုးရေထဲမှာလေ ဖျားသွားနိုင်တယ်"

"ဖျားလို့မကလို့ သေသေလေ ကောဂရုမစိုက်နဲ့ သူက ကောကို ထိခိုက်စေတယ်လေ"

ဘယ်လောက်ပြောပြေ ရီပေါ်ကတော့ မနေနိုင်တာနဲ့ ထီးတချောင်း ကိုင်ပြီး အပြင်ထွက်သွားလေသည်။ရူ့လွီလဲပြောမရတဲ့အဆုံး လစ်လျူဘဲရူ့​လိုက်တော့တယ်။

ကျွီ

"ရီလေး ရီလေး ကိုမှားသွားပါတယ် စိတ်မစိုးပါနဲ့တော့ ကို မင်းကို နားလည်ပေးနိုင်ပါတယ် ရီလေး ကို့ကိုတော့ မထားခဲ့ပါနဲ့"

"သမားတော်ရှောင် အာ့လိုမလုပ်ပါနဲ့ ထပါ"

"သမားတော်တဲ့လား ရီလေးရယ် ဘာဖြစ်လို့လဲ ကိုကိုလေ ကိုက ရီလေးရဲ့ ခင်ပွန်းလေ ဘာလို့ ပြောင်းလဲသွားတာလဲ ပြီးတော့ ကို က စောင့်နေခိုင်းတာကို ဘာလို့စောင့်မနေတာလဲ"

Love poison S1 (Complete)Where stories live. Discover now