VEEတစ်ယောက်ထိုအသံကိုကြားတာနဲ့ အလိုလို မျက်မှောင်ကျုံ့မိသွားသည်။

"မင်းဘာလာလုပ်တာလဲ!"

"အာ..VEEကလည်း Mafiကိုဆို လေသံမာကြီးနဲ့...ဟွန့်"

Mafiတစ်ယောက်မူရာမာယာပိုကာ သူမရဲ့လက်ဖြင့် VEEရဲ့လက်မောင်းအား ဖက်တွယ်လိုက်လေသည်။

"ငါ့အသားကိုမထိစမ်းနဲ့...!"

VEEစိတ်ပျက်သည့်အသွင်ဖြင့်မျက်မှောင်ကျုံကာထိုဟာမအား တွန်းထုတ်လိုက်လေသည်။

"ဟာ.....လူကြီးဘယ်လိုလုပ်လိုက်တာလဲ။ဒါမိန်းကလေးတစ်ယောက်နော်....အမရလားထ.ထ"

Vaselလေးလည်း မနေနိုင်တော့ဘဲ စားလက်စကြက်ပေါင်လေးကိုချပြီး ထိုအမအား သွားထူပေးလိုက်လေသည်။

"ဖယ်စမ်း!!!နင့်လိုအဆင့်ကငါ့ကိုလာထိစရာလား"

Vaselလေးလက်အား ပုတ်ထုတ်လိုက်ပြီး Vaselလေးလက်နဲ့ထိသွားတဲ့ အကျီ်လက်အား ရွံရှာသလို ခါချလိုက်သည်။

"ဟက်...မင်းကဒီလိုမိန်းကလေးမျိုးကို...လူကြီး..ခင်ဗျားမှန်တယ်"

"ဒီမှာ...နင့်ကိုယ်နင်ဘာထင်နေလို့..မှားတယ်မှန်တယ်လာပြောနေတာလဲ"

"ဟင်....အန်တီကြီးခုထိမသိသေးတာလား။အေးပေါ့ဘယ်သိရှာမလဲအချိန်တိုင်း သူများရဲ့ရည်းစားကို ဘယ်လိုစနိုက်ကြော်ရမလဲပဲ တွေးနေလို့ပဲနေမှာပေါ့"

"နင်...နင်..ငါဘယ်သူ့ရည်းစားကိုမှ စနိုက်မကြော်ဘူးရှင်းလား"

"အော်...အဲ့ဆို...အန်တီကြီး ရုံးပတေသီးကိုကော်ကပ်ပြီးဆီသုတ်ထားတဲ့အသံနဲ့ ဘယ်သူ့လူကိုလာချွဲနေတာလဲ"

"ဟင်!!VEEက"

"သိပ်ဟုတ်တာပေါ့...ဒါကကျွန်တော့ချစ်သူ..ကျွန်တော့်ကိုကို"

ဘေးတွင်ကြောင်အကာ ရပ်နေတဲ့ VEEရဲ့ခါးအား လှမ်းဖက်လိုက်လေသည်။

"ဟင်!!မဖြစ်နိုင်တာ...ဒါလင်..ဒါလင်ရှင်းပြလိုက်လေ"

"အဟမ်း.....ဟုတ်တယ် ဒါငါ့ရဲ့ ချစ်သူ။ငါ့ရဲ့ကြင်ယာတော်လေး"

VEEဂုဏ်ယူဝင့်ကြွားစွာပြောပြီး Vaselအား သူ့ဘက်လှည့်စေပြီး နှုတ်ခမ်းဖူးဖူးလေးအား ရမတ်ကင်းစွာအနမ်းခြွေလိုက်လေသည်။၅မိနစ်လောက်ကြာမှ လွှတ်ပေးလိုက်လေသည်။

The little king of the vampireWhere stories live. Discover now