Chapter 1

19.6K 1.9K 90
                                    

[1]
ဧကရာဇ်တစ်ယောက် ဒီနေ့သိပ်‌ပျော်မနေဘူး။

မပျော်မရွှင်နဲ့ဧကရာဇ်ဟာ ဧကရီ့ဆီကို ဒေါသတကြီး သွားလေရဲ့။

“ငါကိုယ်တော်မြတ်ရဲ့ မနက်စာစားတော်ပွဲမှာ ဘာကိစ္စဆန်ပြုတ်အချိုပွဲမပါရတာလဲ?!”
အချိုကြိုက်တဲ့ဧကရာဇ်အတွက် ဒီကိစ္စရပ်ဟာ အရမ်းကို မခံမရပ်နိုင်ဖွယ်..။

ဧကရီက စာအုပ်ထဲကစာရွက်တစ်ရွက်ကိုလှန်လိုက်ရင်း မော့တောင်ကြည့်မလာဘဲ

“ဘာလို့ဆို အရှင်မင်းကြီးမှာသွားပိုးပေါက်ရှိနေလို့ပါ”

ဧကရာဇ် : “ ? ? ? ကိုယ်တော့်မှာ သွားပိုးပေါက်ရှိတာ ငါကိုယ်တော်မြတ်ကိုယ်တိုင်တောင်မသိဘူး, ဧကရီကဘယ်လိုလုပ်သိရတာတုန်း?”

“နမ်းတုန်းကပါ”

ဧကရာဇ် : “? ? ! !”

[2]

ဧကရာဇ်တစ်ယောက် ဒီနေ့သိပ်ပျော်မနေဘူး။

မပျော်မရွှင်နဲ့ဧကရာဇ်ဟာ ဧကရီ့ဆီကို ဒေါသတကြီးသွားလေရဲ့။
“ဒီနှစ်ဆောင်းဦးအမဲလိုက်ပွဲတော်က ဘာလို့ ရွှေ့ဆိုင်းသွားရတာလဲ? ? ?”

ဧကရာဇ်က တော်၀င်အမဲလိုက်ကွင်းမှာ တကယ်ကြီးအမဲလိုက်ရင်း ကစားချင်နေတာကို!

ဧကရီက စာအုပ်ထဲကစာရွက်တစ်ရွက်ကိုလှန်လိုက်ပြီး အနည်းငယ်ခေါင်းမော့ကြည့်လာကာ
“ဘာလို့ဆို အဲ့ချိန်မှာတခြားပွဲတော်တွေအစားထိုးရှိလို့ပါ”

''ငါကိုယ်တော်မြတ်သိတာပေါ့!ဒါဖြင့် ဆောင်းရာသီရေပူစမ်းပွဲတော်ကို ဘာကိစ္စ ဆောင်းဦးမှာအစားထိုးလုပ်ရတာတုန်း?”
ဧကရာဇ် ဟိန်းဟောက်တော့လေသည်။

"ဘာလို့ဆို ဧကရာဇ်မှာ အရင်ကဧကရီမရှိဘူးလေ,ခုတော့ ဒီဧကရီက ရေပူစမ်းမှာ အရှင့်ကိုအဖော်ပြုပေးချင်လို့ပါ”

“....Huh!”

[3]

ဧကရာဇ်တစ်ယောက် ဒီနေ့ သိပ်ပျော်မနေဘူး။

မပျော်မရွှင်နဲ့ဧကရာဇ်ဟာ ဧကရီ့ဆီကို ဒေါသတကြီးသွားလေရဲ့။

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now