Episode 15[Z+U]

177 21 0
                                    

တစ္ဆေ သတို့သား အပိုင်း ( 15 )

"ယနေ့ရာသီဥတုတိုင်းတာချက်အရ ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီမားမြို့တွင် နှင်းမုန်တိုင်း တိုက်ခတ်မည်ဟု သိရှိရပါသည်။

မြို့သူမြို့သားများ လုံခြုံဘေးကင်းမှုရှိစေရန် တတ်နိုင်သမျှ အိမ်ထဲတွင် နေထိုင်ပါရန် "

ဧည့်ခန်းဝတွင် အဖေက TV ဖွင့်လျက်သား အိပ်ပျော်နေတော့ နောက်ဖေးပေါက်က အသာလေး လှစ်ထွက်ရသည်။

"ဘုတ်"

နောက်ဖေးကနေ ခြံတပတ်,ပတ်ရင်းခြံစည်းရိုးကို ကျော်ခွကာ ခုန်ဆင်းလိုက်သည်။ထိခိုက်တာမျိုးမရှိဘဲ မြေကြီးပေါ်ရှောရှောရှူ ရှူ
ရောက်သွားတာ တော်သေးတာပေါ့။

ပန်းနုရောင်ဆေးသုတ်ထားသည့်
အိမ်ဖက် ခခဲရု နောက်ပြန်လှည့်ကြည့်ရင်း အမှောင်ထုထဲ တိုးဝှေ့ပျောက်ကွယ် သွားလေသည်။

လမိုက်ညဖြစ်၍ ပလက်ဖောင်းဘေးက လမ်းမီးတိုင်ရဲ့ ဝါကျင့်ကျင့်အလင်းရောင်က ရှေ့တကွက်စာအား မြင်နိုင်သေးသည်။

ဆောင်းလေတွေ အရိုးထဲစိမ့်နေအောင်အေးလွန်းတော့ အနွေးထည် မပါဘဲ အလောတကြီးထွက်လာခဲ့သည့် မိမိကိုယ်ကိုဘဲ ကျိန်ဆဲလိုက်သည်။

ရို ပေးလိုက်သည့် နံပါတ်အတိုင်းဆက်လိုက်တဲ့လူက အတော်ကြာတဲ့ထိ reply မလာတော့ ၊ ထိုင်စောင့်ရတာ သည်းမခံနိုင် တာနဲ့
ညကြီးမင်းကြီး ရို ရှာပုံတော် ဖွင့်ရတာဘဲ"

ကာဂိုရှီမား မြို့လမ်းများက တိုကျိုကလမ်းတွေလို ဖြောင့်ဖြောင့်တန်းတန်းမသွား,မြွေလိမ်မြွေကောက် လမ်းသွယ်များသည် မှတ်မိနိုင်ဖို့ ရှုပ်ထွေးလွန်းသည်

မျက်မှန်းတန်းမိရာ နောက်ဖေးလမ်းကြားတိုင်း ပျင်းရိပျင်းတွဲ လျှောက်လာရင်း ခခဲရု လူသူရှင်းလင်းနေသည့် အိမ်ကြီးအိမ်ကောင်းများတန်းစီနေသည့် လမ်းမဖက် ရောက်သွားပြန်သည်။





"ခွေးမသား မပြေးနဲ့။ လိုက်ဟေ့ ၊ အရေခွံဆုတ်ပြီး boss အတွက် လက်စားချေကြဟေ့ "

အနက်ဗြောင် ထပ်အောက် ဆင်တူဝတ်ထားသည့် Yakuza တအုပ်လိုက်ကြီးရယ်

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now