2

1.4K 253 9
                                    

Unicode

ပထမစာသင်ချိန်တချိန်လုံး ဂျုံးဂုကိုမတွေ့ရပါ။ စာသင်ချိန်ပြီးတာနဲ့ သူရှိမယ်ထင်တဲ့နေရာကို လိုက်လာမိသည်။ ထင်တဲ့အတိုင်းဘဲ အပင်အောက်မှာ စီးကရက် ထိုင်ဖွာနေပုံက အေးအေးလူလူဘာအပူပင်မှမရှိ။

စီးကရက် ကိုဆတ်ခနဲ ဆွဲယူလိုက်တော့ အလိုမကျတဲ့ အကြည့်တွေ ကျွန်တော့်ဆီရောက်လာတယ်။ အထက်တန်းနောက်ဆုံးနှစ် ဆိုတော့ပေါ့လို့မရဘူး။ အမှတ်ကောင်းမှ တက္ကသိုလ် ကောင်းကောင်းကိုတက်နိုင်မှာလေ။ ဂျုံးဂုက သိပ်ကိုပေါ့လွန်းနေတယ်။

" ထ အတန်းသွားတက်မယ် "

" စိတ်မဝင်စားဘူး "

ဂျုံးဂုကစိတ်ပျက်လက်ပျက်လေသံနဲ့ပြောပြီး စီးကရက် နောက်တလိပ်ကိုထုတ်ပြီး မီးညှိ လိုက်တယ်။

" အဒါဆို မင်းကျောင်းကိုဘာလာလုပ်နေတာလဲ "

" အိမ်မှာမနေချင်လို့ "

ဖြေတာက တိုတိုပြတ်ပြတ်ပါဘဲ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲ နင့်သွားတယ်။ ဂျုံးဂုက ကျွန်တော့်ကို အရင်လိုအေးအေးစက်စက်မဆက်ဆံတော့ပါ ။ဒါပေမယ့် ဂျုံးဂုရဲ့အကြောင်းဆိုလို့ ကျွန်တော် ဘာဆိုဘာမှမသိသေးသောအနေအထား။

ကျွန်တော် မမြင်နိုင်တဲ့တဖက်မှာ သူဘာတွေဖြစ်နေလို့လဲ။ မေးချင်ပေမယ့် ကျွန်တော် မေးလည်းမမေးရဲ ကျွန်တော် မေးမှပိုခံစားနေရမှာကိုလည်းစိုးတယ်။

" ကျောင်းလာတာ အကျိုးရှိအောင်တော့လုပ်ရမယ်လေကွာ "

" မင်းဘဲသွားလုပ် "

တကယ်ပါလေ ပြောစရာစကားပါပျောက်တယ်။ စိတ်ပျက်လက်ပျက် သူ့ဘေးမှာ ဝင်ထိုင်ပြီး သူ့ဆီက စီးကရက် ကိုကျွန်တော်ထပ်လုလိုက်တယ်။ ပြီးတော့ ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရှိုက်သွင်းလိုက်မိတယ်။ မွှန်ထူသွားတဲ့ခံစားချက်ကြီးနဲ့အတူ ကျွန်တော် ချောင်းတဟွတ်ဟွတ်ဆိုးတော့တယ်။ ပြီးတော့ သူက ကျွန်တော့်ကိုကြည့်ပြီးရယ်ပါလေရော။

" မသောက်တတ်ရင် မသောက်ပါနဲ့ ထယ်ယောင်းရာ စာဂျပိုး နဲ့ ဆေးလိပ်က မလိုက်ဖက်ဘူး "

Sorrowful Diary [ Completed ]Where stories live. Discover now