"ဟီးဟီး.............."

ကျနော်စကားလဲ ကြားရော ။ ကျိူးယန်နောက်ကနေ ခေါင်းလေးထွကိရင် သွားဖြဲ ပြီး ရီပြနေသည် ။

"ရီ မနေနဲ့ အိမ်ထဲ ဝင်........ "

"ဟုတ်အကိုရှောင်....ရိကျန့်လေး ပေးချီပါလား "

"ရော့..... ကျိူးယန်ပါဝင်ခဲ့လေး ။ လူကြီးတွေစောင့် နေပြီး ။ "

"အင်း.........."

ကျိူးယန်သူကို မခေါ်ဘဲ ။ ကလေး ချီပြီး အရှေ့က ကော့ပက်ကော့ပက် သွားနေတယ် ရာလေး ကို အံကြိတ်ကြိတ်နဲ့ ကြည်နေပြီး ။ ညကျမှာ တွေ့ကြသေးတာပေါ့ ။ ညစား မစားဘဲ ရာလေး အသားစားမယ် ။

ဧည်ခန်းမှာ ထိုင်စောင့်နေတယ် ။ ဝမ်ကတော်ရဲ့ ဝမ်ရိပေါ်၊ ဝမ်ရိလန်၊  ရှေ့နေ လူကြီး တွေပါ ။

ဝမ်ကတော်ကစပြီး။

"ကယ်  လူစုံ ပြီးဆိုတော့ ။ ဟို လူငယ်   ဘာပြောချင်လဲ ။  လူငယ် မပြောခင်  ..အဒေါ်အရင်ပြောပါစေ  ရာရာလေးက ဒီမှာ  နေပြီး ဒီမှာ အလုပ်လုပ်တာဆိုပင်မဲ့ အဒေါ်သားလို့ ဖစ်နေပြီး ။ ဒါကြောင့်မို့ ရာရာလေး ကို တင့်တောင်းတင့်သယ် နဲ့ စိတ်ချမ်း သာ သာဖစ်စေချင်တယ် ။ ရာရာလေးက ငယ်အတွက် ဆိုးသည်ဖစ် ဂျစ်ကန်ကန်လုပ်လဲ ဒီကလူငယ်လေး နားလည်ခွင့်လွှတ်ပေးစေချင်တယ် ။ "

ဝမ်ကတော်စကားသည် ။ ရာရာလေး အတွက် မျက်ရည်ကျမတတ်ဖစ်ပြီးသည် ။ သူမှာ မိဘတွေမရှိတော့ပါ ။ ဒါပင်မဲ့ ဝမ်ကတော်က မိဘနေရာ အဒေါ်နေရာကနေပြောပေးအတွက်သူမှာ မျက်ရညိတွေကျနေရပြီး။ ဝမ်ကတော် သူကို သားလို သဘောထားမှန်းသူမသိခဲ့ပါ ။

ရာရာလေး ဝမ်ကတော်ဘေးနားကို သွားပြီးဖက်လိုက်သည် ။

"ကျေးဇူးပါ ။ ဝမ်သခင်မကြီး ၊ ကျေးဇူးတင်ပါတယ် "

"ယောကျာ်းဘဲ ရနေပြီး ။ ဘာလို့ ငို နေတာလဲ တိတ်တော့ ကလေးကျနေတာဘဲ ။ ကျေးဇူးတင်စရာမလို့ဘူး ။ မြဲမြဲမှတ်ထား ရာရာလေးက ဒီအိမ်တော်ရဲ့သားငယ်ဘဲသိလား ။ အမြဲဝင်ထွက်လိ​ု့ရတယ် "

"ဟုတ်....."

မျက်ရည်တွေနဲ့ သူမကို ဖက်ပြီး ဟုတ်ဆိုပြီး ခေါင်းညိတ်ပြတယ် ဒီကလေး ကို သူမကြည်ပြီး အင်း အရွယ်ရောက်လို့ အရွယ်တောင်လွန်းနေပြီးဘဲ။

အချစ်စံအိမ်  (အခ်စ္စံအိမ္)Tahanan ng mga kuwento. Tumuklas ngayon