"အဲ့ဒါ ဖူ​ရှောင်နဲ့တူသလိုပဲ..."

"ဘယ်မှာလဲ"

ကား​ပေါ်ကသူ​တွေက သူ့ကို ကြည့်ပြီး ပွစိပွစိ ​ပြောနေကြတယ် ဖူချင်းက ​ကျောင်းဂိတ်၀က သစ်ပင်ကြီး​အောက်မှာမတ်တပ်ရပ်​နေတယ်

ချောမောခန့်ညားတဲ့လူငယ်လေးတစ်ယောက်ကအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးတော့နေရောင်ခြည်ကျတဲ့နေရာတစ်ခုမှာမတ်တပ်ရပ်နေတယ်..ပတ်ပတ်လည်မှာအချိန်တွေကရပ်တန့်​နေတဲ့ပန်းချီကားတစ်ချပ်လိုဖြစ်နေတယ်

"တကယ်ကြီးဖူ​ရှောင်ပဲဟ...သူလည်းလိုက်မှာလား....ချန်ရှန်းကြီးမပါဘဲနဲ့​လေ..."

"အဲ့​ကောင်ကြီးကို​တော့ငါလည်းမ​တွေ့ဘူး ဖူ​ရှောင်ကိုပဲ​တွေ့တယ်..​ပေ့ဇီနဲ့ဖူ​ရှောင်က ဘယ်တုန်းက အဲ့​လောက်ရင်းနှီးသွားရတာလဲ.."

​ပေ့ဇီက ဖူချင်းကို ကား​ပေါ်​ခေါ်လာ​တော့ အားလုံးကတိတ်ဆိတ်သွားကြတယ် လူတချို့ကသာ သူတို့ရဲ့လည်ပင်း​တွေကိုဆန့်ပြီး ​နောက်မှာ ချန်ရှန်းပါလာသလားလို့ လှမ်းကြည့်​နေကြတယ် သတ္တ၀ါကြီးရဲ့အရိပ်အ​ယောင်ကိုမ​တွေ့ရပဲ သူတို့လည်းစိတ်ချသွားကြတယ်
'အဲ့ဒီ​ကောင်ကြီးကို မြင်ရုံနဲ့တင် လိပ်ပြာလွင့်ချင်စရာပဲ'

ဖူချင်းကလည်း တတိယနှစ်​ကျောင်းသားဖြစ်တဲ့အတွက် ဆရာမက သူလိုက်လာတာကို ဘာမှမ​​ပြောဘူး

သူတို့​ရှောင်းယန်​တောင်ကို ​ရောက်​တော့ အခြားအတန်းကသူ​တွေကလည်း ဖူချင်းကို အထူးအဆန်းဖြစ်ပြီး လိုက်ကြည့်​နေကြတယ်
ဖူချင်းနဲ့ ရှီရှန်းတို့ အတူရပ်​နေကြတာကိုမြင်တဲ့အခါ ​ပေ့ကျဲ့ရဲ့ မျက်နှာက မဲ​မှောင်သွားတယ်

"ဟုတ်ပြီ..ဟုတ်ပြီ..မဆူနဲ့​တော့...နား​ထောင်ကြ...မင်းတို့ကိုအဖွဲ့​တွေခွဲ​ပေးပြီးသားမလား...စီနီယာ​တွေက ကိုယ့်အဖွဲ့မှပါတဲ့ ဂျူနီယာ​တွေကို ​စောင့်​ရှောက်ကြပါ...အဖွဲ့မကွဲ​စေနဲ့...." ဆရာမက အသံချဲ့စက်နဲ့ ​အော်​ပြောလိုက်တယ်

ပထမနှစ်နဲ့တတိယနှစ်​ကျောင်းသား​တွေကို အတူတူဖွဲ့စည်း​ပေးထားပြီးအဖွဲ့တစ်ဖွဲ့မှာ လူ​ခြောက်ဆယ်​လောက်ပါတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10حيث تعيش القصص. اكتشف الآن