Episode 12[Z+U]

210 29 0
                                    

တစ္ဆေ သတို့သား အပိုင်း (12)

ပန်းနုရောင်ဆိုင်းဘုတ်ဖြင့် "LiLi "
လို့ခလေးဆန်ဆန် ချိတ်ဆွဲထားသည့် တံခါးရှေ့ ရပ်လိုက်ရင်း နှစ်ချက် ဆင့်ခေါက်လိုက်သည်

အတန်ကြာသည့်ထိ တုံ့ပြန်ခြင်းမရှိသော အခန်းငယ်ရှေ့ တိတ်ဆိတ်စွာ ရပ်လျက်ရှိရင်း သက်ပြင်းခပ်ဖွဖွ ချမိသည်

တံခါးဂျက်ကို အထဲမှဂလန့်မထား၍ သူ့မျက်နှာထက် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သမ်းလာသည်

"ကျွီ....."

အမွှေးပွရုပ်များစုပုံနေသည့် အခန်းသေးသေးထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျနော့်မင်းသမီးလေး လန့်နိုးမည်စိုး၍ ခြေသံလုံအောင် သတိထားပြီး လျှောက်ရသည်

ပန်းနုရောင်သမ်းနေသောပါးပြင်ဆီမှ ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းကို သုတ်ပေးရင်း မချိတင်ကဲ ရေရွတ်မိသည်

"ညီမလေးကို ထိခိုက်စေဖို့ အကိုမရည်ရွယ်ပါဘူး အကို့ ကို ခွင့်လွှတ်ပေးပါနော်"

နဖူးစပ်ဆီက ဆံစလေးများကို သပ်တင်လိုက်ပြီး နဖူးလေးကို မြတ်နိုးစွာ နမ်းရှိုက်ရင်း

"အိပ်မောကျနေတယ်ဆိုလဲ မနိုးတော့ပါဘူး အိမ်မက်လှလှလေး မက်ပါစေနော်"

Mickey ပန်းရောင်ညဝတ်အင်ကျီဖြင့် sleeping beauty လေးသည် ချစ်ဖို့ကောင်းအောင်ပုစွန်ထုပ်လေးလို ကွေးကွေးလေး အိမ်မောကျနေပြန်သည်

ဂွမ်းစောင်ကို LiLi ကိုယ်ပေါ်သေချာလေး လွှမ်းခြုံပေးလိုက်သည် Shinonလေးကို ကျနော် ကြီးကောင်ဝင်သည့်အရွယ်မှ မွေး​တော့
ကျနော်နဲ့ Shinon လေးအသက်က အတော်ကွာတယ်ပြောရမယ်
မွေးချင်းတယောက် အရမ်းလိုချင်သော ကျနော့်အဖို့ Shinon လေးကိုကိုယ်ဝန်ဆောင်ထားသော အမေ့ဗိုက်လေးကို သွားသွားစမ်းရင်း ညီ​လေးလား ညီမ​လေးလား ဆိုပြီး သွားသွား​မေးရတာ အမော

Shinonလေးကို မွေးတော့ ဝမ်းသာအားရဖြင့် ​မြေကြီးနဲ့ ​ခြေ​ထောက်မထိချင်​တော့ "ငါ့မှာ ညီမလေးတယောက်ရှိလာပြီ သူကအရမ်းလဲအငိုသန်တယ် သူ​လေးက​သေး​သေး​လေးနဲ့ အရမ်းချစ်ဖို့​ကောင်းတာ " ဆိုပြီး သူငယ်ချင်းတွေ အမြင်ကပ်တဲ့အထိ လိုက်လိုက် ကြွားတတ်သေးသည်

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now