ရှောင်းကျန့်က သူပြောချင်တာကိုပြောပြီးတာနဲ့ ကော်ဖီခွက်ကိုချကာ ထထွက်သွားရန်ပြင်နေတုန်းမှာပဲ ချန်ယွီကစကားတစ်ခွန်းပြောလိုက်သည်။

"ရီပေါ်က....အခုမှ ကလေးပဲရှိသေးတာ ရှောင်းကျန့်တကယ်ချစ်တယ်ဆို သူကျောင်းပြီးတဲ့အထိစောင့်ပြီးမှ ဖြစ်ဖြစ် ရိပေါ်အချစ်ကိုအရင်ယူတာပဲဖြစ်ဖြစ် လုပ်သင့်တာမဟုတ်ဘူးလား ။ အခုလိုအတင်းအကြပ်လုပ်တာမျိုးကို ရီပေါ်က သဘောကျမယ်ထင်လို့လား"

ရှောင်းကျန့်က ချန်ယွီစကားကြောင့် တစ်ချက်လှည့်ကြည့်ကာ

"ကျုပ်က အတ္တကြီးတယ် မစောင့်နိုင်ဘူး သူများလက်ထဲပါသွားမှာကို မစောင့်နိုင်ဘူး။ လက်ထက်ပွဲကိုလည်းမဖျက်နိုင်တာမို့မဂ်လာပွဲမှာ ပြန်တွေ့ကြမယ် ၀မ်ချန်ယွီ ကျုပ်ကိုသွားခွင့်ပြုပါဦး"

ဘယ်လိုမှညှိမရတဲ့အဆုံး ဒီလိုနဲ့ တခြားတစ်ယောက်လက်ထဲထည့်ပေးလိုက်ရတော့မှာလား ။

**********

မထင်ထားခဲ့ဘူး ရှောင်းကျန့်ဘ၀မှာပထမဦးဆုံး
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို မုသားသုံးပြီးပြောရလိမ့်မယ်လို့ ။

မင်းအတွက် လှပ‌တဲ့‌နေ့လေးတွေ ငါကဖန်တီးပေးမှာ မင်းအကိုရော မင်း‌အဖေရော ထပ်တူခံစားစေရမယ် ။

..............

လက်ထပ်ပွဲမှာ ရှောင်းကျန့်က ပြုံးရယ်နေသလောက် ၀မ်ရိပေါ်ကတော့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ရှောင်းကျန့်လက်ကို မဝံ့မရဲလေးချိတ်ထားတယ် ။ ချန်ယွီရော ၀မ်ရိချန်ရော နှစ်ယောက်စလုံးကလည်းလုံး၀မျက်နှာမကောင်း‌ပေ ။ အန်နာနဲ့ဆမ်မာကတော့ သူတို့သားရဲ့ အကြံကိုမရိပ်မိပဲ ပြုံးရယ်လို့ ။သားမက်လေးတစ်ယောက်
ရတော့ ပျော်နေကြတာ ။ သားနှစ်ယောက်ရှိပြီး သားမက်ရမယ်လို့မထင်ခဲ့ဘူးလေ ။

၀မ်ရိပေါ်ရဲ့ ဆံပင်ဖြူဖြူလေးတွေကတော့ မဂ်လာပွဲ‌နေ့မှာ အမည်းရောင် ပြန်ပြောင်းသွားတယ် ။ ရှောင်းကျန့်က‌‌ပြောတယ် ဆံပင်အမည်းနဲ့ဆို မဂ်လာပွဲက ပိုကျက်သရေရှိမှာ ဆိုပြီးတော့။မဂ်လာ၀တ်စုံ လက်စွပ်ရွေးတာ ဘာညာကအစ ရှောင်းကျန့်တစ်ယောက်တည်း အကုန်စီစဉ်ထားတာ ဖြစ်တယ် ။

Hurts So Good[Zhanyi/Complete]Where stories live. Discover now