(၂)

3.8K 425 7
                                    

Unicode Version

"ကိုကို ကျွန်တော် လက်မထပ်ချင်ဘူး ကိုကို ပြောပေးပါဦး ကျွန်တော် ကိုကိုနဲ့မခွဲနိုင်ဘူး ကုဝေရဲ့အကိုကလေ ကြောက်ဖို့ကောင်းတယ် သူကြည့်တာကြီးကလည်းကြောက်စရာကြီး ကျွန်တော်သူနဲ့
မနေချင်ဘူး ကိုကို လုပ်ပါဦး အပါးကိုပြောပေးပါ‌နော်"

ငိုကာသူ့ကိုအားကိုးတကြီးပြောနေတဲ့ ညီငယ်ကိုကြည့်ပြီး
ချန်ယွီရင်တွေကွဲတော့မလိုပဲ ။သူဘာမှမတက်နိုင်ဘူးလေ။

ဆေးရုံမှာသတိရရချင်းပဲ ၀မ်ရိချန်ရော ရှောင်းကျန့်ပါရောက်လာကာ နောက်အပတ်ထဲလက်ထက်ရမယ့်အကြောင်းကိုပြောသွားသည်။ ချန်ယွီ ကိုယ့်ကိုယ်ကိုယ် အသေသတ်ပစ်လိုက်ချင်သည်။သူ့ညီလေးကို သူမကာကွယ်နိုင်တော့ဘူးလား ။ သူ့ညီငယ်မလုပ်ချင်တဲ့
အရာကို ဘာလို့အတင်းစီစဉ်နေကြတာလဲ ။ အပါးနဲ့စကားပြောရင်လည်း အသုံး၀င်မှာမဟုတ်မှန်းသိသည် ။ ရှောင်းကျန့်နဲ့စကားပြောဖို့ပဲရှိတော့သည်။ ။

"အင်း ကိုကိုက အကုန်လုပ်ပေးမယ် ။ အိပ်လိုက်ဦးနော် ပင်ပန်းနေလိမ့်မယ် မငိုနဲ့တော့ ကိုကိုကအိပ်‌ပျော်တဲ့ထိ စောင့်ပေးမယ်"

၀မ်ရိပေါ်က ခေါင်းကိုထပ်တလဲလဲ ငြိမ့်ပြကာ စောင်ကိုခြုံလိုက်ကာ မျက်လုံးမှိတ်ပြီး အိပ်စက်ရန်ကြိုးစားလိုက်သည်။

**************

"လက်ထက်ပွဲကိုဖျက်လိုက်ပါ ကျွန်တော့ညီလေးက မလုပ်ချင်ဘူးလို့ပြောနေတယ်မလား ။ရှောင်းကျန့်အတွက်လည်း ဘာမှအကျိုးမရှိလောက်ဖူးမလား ကျွန်တော့ညီလေးက ဒီအတိုင်း ကျောင်းသားလေးတစ်ယောက်ပါပဲ "

ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းပြီး နှစ်ယောက်စကားပြောနေကြသည်။ရှောင်းကျန့်က ဘလက်ကော်ဖီကို သောက်ရင်း ချန်ယွီပြောတာကိုနားထောင်သည်။

"မကြာခင်ယောက်ဖတော်ရမယ့်သူတွေပဲ အခုထဲကအဆင်ပြေအောင်နေသင့်တယ်ထင်တယ် ကျုပ်စကားမများချင်ဘူး အဲ့ညကမှားသွားတဲ့ အမှားကို ကျုပ်က ကျိန်းသေပေါက်တာ၀န်ယူမှာ ဘာလို့ဆို ကျုပ်က၀မ်ရိပေါ်ကိုချစ်တယ်‌လေ ချန်ယွီလည်းနားလည်ပေးမယ်လို့မျှော်လင့်ပါတယ် "

Hurts So Good[Zhanyi/Complete]Where stories live. Discover now