♦Part 16♦

Start bij het begin
                                    

Win(Rose)-"Bright?' P'Brightလား?"

Drake-"အေးလေ 'Bright'ဘယ်နှစ်ယောက်ရှိသေးလို့လဲ? မြန်မြန်လုပ် မင်းကိုကျောင်းသွားနိုင်လားလို့မေးမလို့လာတာဆိုပဲ"

Win(Rose)-"OkOk ငါမြန်မြန်အတုတွေတပ်ဆင်လိုက်ဦးမယ်"

Drake-"မထင်ရဘူးနော် အတုနဲ့တောင် 'Bright'ကိုပါအောင်ဆွဲခေါ်နိုင်တယ် ဒါပေမဲ့မင်းရဲ့ပုံစံအစစ်ကိုသာတွေ့ရင်တော့ သူကမင်းကိုမုန်းသွားလိမ့်မယ် မြန်မြန်ပြောပြလိုက်ပါတော့ 'Win'ရာ"

Win(Rose)-"ပြောပြလို့မဖြစ်သေးဘူး ငါလဲ ငါလဲပြောပြချင်တာပေါ့ကွာ ဒါပေမဲ့ သူငါ့ကိုချစ်နေတဲ့ဒီခဏတာ အချိန်လေးမှာငါသာယာချင်သေးတယ်သူငါ့ရဲ့အယောင်ဆောင် 'နှင်းဆီ'ဆိုတဲ့သူကိုချစ်တာဆိုပေမဲ့အနည်းဆုံးတော့ ငါ့ကိုချစ်သလိုခံစားရလို့..."

Drake-"မင်းကိုငါအစတည်းကတားခဲ့တယ်လေ"

Win(Rose)-"ငါခဏလောက်တစ်ကိုယ်ကောင်းဆန်ပါရစေ ပြီးရင်ငါကိုယ်တိုင်ပြောပြမှာပါ သူ့ကို..."

Drake-"........မြန်မြန်ဆင်းလာခဲ့"

Win(Rose)-"Okay..."

🔸'Win(Rose)'လဲအတုများကိုတပ်ဆင်ကာ 'Bright'၏ ရှေ့သို့ 'နှင်းဆီ'ဟူသောမိန်းကလေးအဖြစ်နှင့် တစ်ဖန်ရောက်လာရပြန်သည်။'Bright'လဲလှေကားပေါ်ကနေဆင်းလာသည့် အမည်းအင်္ကျီနှင့်အစိမ်းဘောင်းဘီပွအသားရောင်ကလေးကို ဝတ်ထားပြီး ဆံပင်ကို ပင့်ထုံးထုံးထားသော သူ့ရဲ့'နှင်းဆီ'လေးကိုကြည့်ရင်း....

Bright-"ဝေါင်း...လှလိုက်တာ 'နှင်း'ရယ်"

Win(Rose)-"ဟီး မြှောက်နေပြန်ပါပြီ 'P'ရယ်"

🔸ပင့်စည်းထားသည့်ဆံပင်တွေထဲ အရှေ့ကမမှီသည့်ဆံပင်စတစ်ချို့က နားရွက်နားလေးရစ်ဝဲနေသည်။သိပ်ကိုချစ်ဖို့ကောင်းသည့် သူ့ကောင်မလေးအား 'Bright'မှာကြည့်မဝဖြစ်နေရသည်။

Bright-"နှင်း နေကောင်းရဲ့လား? သက်သာရဲ့လား လာဒီနားလာ ကိုယ်နဖူးကိုစမ်းကြည့်မယ်"

Win(Rose)-"ရပါတယ်သက်သာပါပြီ.."

Bright-"လာပါဆိုနေ ကိုယ်လာရရင်တော့နဖူးပဲစမ်းမှာမဟုတ်ဘူးနော် ပါးလေးကိုပါ..."

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Waar verhalen tot leven komen. Ontdek het nu