57 • Who? My brother-in-law?

Start from the beginning
                                    

“ဒါနဲ့ ဖက်ထုပ်ဖိုး အကိုဘယ်လောက်ပေးရမလဲ”

“ဖက်ထုပ်တစ်ပွဲဖိုးက ဘယ်လောက်မှမရှိပါဘူးအကိုရ မပေးပါနဲ့”

“ဟာ မဟုတ်တာ..”

“ရပါတယ် အကို … ကျွန်တော်မေတ္တာလက်ဆောင်ပေးတယ်ပဲ သဘောထားလိုက်ပါ”

“ဟုတ်ပြီ အဲဒါဆိုလဲ အားနာပေမယ့် အကိုယူလိုက်မယ်နော်။ အကို့ယောကျာ်းက ဒါမစားရရင်ကောက်ချိတ်နေမှာ သေချာတယ်”

“ရတယ်အကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော့်ကောင်လေးလဲ သူစားချင်တာကို စားချင်တဲ့အချိန်မှာမစားရရင် အသေ ဂျီကျတတ်တာ။ ကျွန်တော်တို့လို Alpha တွေက ကျွန်တော်တို့ရဲ့ Omega လေးတွေကို အလိုလိုက်ရမယ့် တာဝန်ရှိတယ်မဟုတ်လား”

ရယ်ကျဲကျဲနဲ့ပြောလာတဲ့ ကောင်လေးကြောင့် သူ့မှာ အံ့သြရပြီ။

“ဟင် ညီက အကို့ကို Alpha မှန်းဘယ်လိုသိတာလဲ”

“အကိုကလဲ အကို့အရပ်အမောင်းနဲ့ အကို့ပုံစံက Alpha ပုံစံပဲလေ။ ပြီးတော့ အကို့ယောကျာ်းက ကိုယ်ဝန်ဆောင်ဆိုမှတော့ အကိုက ကျိန်းသေပေါက် Alpha ဆိုတာ သေချာနေပြီပဲဟာ”

“ဟုတ်လားပဲ ညီက လူကဲခတ်ကျွမ်းတယ်”

စေတနာကောင်းတဲ့အပြင် သွက်လက်ချက်ချာပြီး ဥာဏ်ကောင်းပုံရတဲ့ကောင်လေးကို Thomas မြင်မြင်ချင်းမှာပဲ သဘောကျသွားမိတယ်။

တော်ရုံလူကို ခင်မင်စိတ်မဖြစ်မိပေမယ့် ဒီကောင်လေးနဲ့တော့ မိတ်ဆွေဖြစ်ချင်မိသား။

“ရော့အကို ဖက်ထုပ်ယူလိုက်တော့ အရမ်းအေးသွားရင် စားလို့ကောင်းမှာမဟုတ်ဘူး။ ပူတုန်းလေး အိမ်က ယောကျာ်းကို ပြန်ကျွေးလိုက်ပါ”

“အေးကွာ စိတ်သဘောထားကောင်းတဲ့ ညီလေးနဲ့တွေ့ရတာ တကယ်ကံကောင်းတာပဲ။ ကိုယ့်နာမည် Thomas ပါ။ ညီ့နာမည်ကရော”

“ကျွန်တော့်နာမည် Alex ပါ”

“အေးကွာ နောက်တွေ့လဲ ခေါ်နော် အကိုသွားလိုက်အုံးမယ်”

Alex ပုခုံးကိုပုတ်ကာ သူ ဖက်ထုပ်ဘူးလေးကိုဆွဲကာ ဆိုင်ရှေ့ကနေ ထွက်ခဲ့လိုက်တယ်။ အနည်းဆုံးတော့ သူ့ယောကျာ်း စိတ်မကောက်တော့ဘူးဆိုတော့ တော်သေးတာပေါ့။

That Omega is so cute and I can't help! [Completed]Where stories live. Discover now