57 • Who? My brother-in-law?

Start from the beginning
                                    

“အကို့ကိုခေါ်တာလား”

“ဟုတ်ကဲ့ အကို့ကိုခေါ်တာ ဟိုလေ အကိုဖက်ထုပ်ဝယ်ချင်နေတာလား”

“ဟုတ်တယ် ညီလေး ရောင်းးလို့လား အဲ ..”

မေးလိုက်မိပြီးမှ ကောင်လေးပုံစံက ဖက်ထုပ်သည်ရုပ်နဲ့မတူတာကို သတိထားလိုက်မိတယ်။

အသားမညိုတညို အရပ်မြင့်မြင့်နဲ့ချာတိတ်ပုံစံက ကျောင်းသားတစ်ယောက်ဖြစ်ပုံရတယ်။ မြင့်မားလွန်းတဲ့အရပ်က သူနဲ့ပင် မတိမ်းမယိမ်းမို့ ဒီကောင်လေးက Alpha တစ်ယောက်ပဲဆိုတာ သူရိပ်စားမိလိုက်ပြန်တယ်။

“အဲ ကျွန်တော်ရောင်းတာတော့မဟုတ်ပါဘူး ကျွန်တော်အခုမှ ဒီဆိုင်ကနေ ဖက်ထုပ်လက်ကျန်တစ်ပွဲဝယ်လာခဲ့တာ။ ဒါပေမယ့် အကိုဖုန်းပြောနေတာကြားတော့ အကို့အတွက် ဖက်ထုပ်တစ်ပွဲပိုလိုအပ်နေမယ်လို့ထင်လို့… အာ ဟိုလေ ကျွန်တော်ချောင်းနားထောင်တာမဟုတ်ဘူးနော် ဒီအတိုင်းပဲကြားလိုက်တာ”

“ဟာ ကျေးဇူးတင်လိုက်တာညီရာ . .. ဟုတ်တယ် ကိုယ့်ယောကျာ်းက ကိုယ်ဝန်နဲ့လေ။ အဲဒါ ညဘက်ကြီး ဖက်ထုပ်စားချင်တယ်ဆိုပြီး ချဉ်ချင်းတက်နေလို့ ကိုယ်လိုက်ရှာနေတာ”

Thomas စကားကြောင့် ထိုကျောင်းသားလေးက ပြုံးသွားပြီး သူ့လက်ထဲမှာကိုင်ထားတဲ့ ဖက်ထုပ်ဘူးလေးကို သူ့ကိုကမ်းပေးတယ်။

“အဲဒါဆို အကိုယူသွားလိုက်ပါ ကျွန်တော်က ဒီတိုင်းပဲ နည်းနည်းဗိုက်ဆာလို့ ဆင်းဝယ်တာ”

“အဲလိုဆို ညီဘာစားမလဲ ဖြစ်ပါ့မလား အားနာစရာကြီးကွာ”

အိုလီအတွက် ဖက်ထုပ်ပွဲကို သူတကယ်လိုချင်ပေမယ့် သူများဆီက ဘလိုင်းကြီးယူရမှာကို အားနာတာမို့ သူ ငြင်းဆန်စကားတော့ပြောမိသေးတယ်။

“ရတယ် ကျွန်တော်က ခေါက်ဆွဲပြုတ်ပဲစားလိုက်ပါမယ် ကိုယ်ဝန်ဆောင်စားချင်တာစားရဖို့က အရေးကြီးပါတယ်”

စေတနာကောင်းလှသော အဲဒီကျောင်းသားပုံစံကို Thomas သဘောကျသွားတာတော့ ငြင်းမရပါ။ သူနဲ့လည်းမသိပဲ ဒီအတိုင်းလမ်းမှာတွေ့တဲ့သူကို ကူညီတတ်တဲ့စိတ်ထားလေးက လေးစားစရာပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now