"ဒေါက်...ဒေါက်"
"မ ဝင်လာခဲ့မယ်နော် ငယ်"
တံခါးေခံ ါက် သံအဆုံး ငယ်မြတ်နိုးရတဲ့
အပြုံးလေးတခုနဲ့အတူ
နွားနို့ဖန်ခွက်လေးကိုင်ပီး
စာကြည့်ခန်းထဲဝင်လာတဲ့ ငယ့်ရဲ့မ ။
စာတမ်းတခုဖတ်စရာရှိတာကြောင့်
ညနေထမင်းစားပီးကတည်းက ဒီအခန်းထဲရောက်လာတာ
လူကနုန်းပီးနေလို့မကောင်းတာက
အခု မရဲ့ အပြုံးတခုကြောင့် ပင်ပန်းနေတာက လွင့်ခနဲ။
ငယ်သိပ်ချစ်ရတဲ့ငယ့်ရဲ့မက
ငယ့်အတွက်တော့
အ့လိုမျိုးသိပ်အစွမ်းထက်ပါတယ်။
နောက် မ ရဲ့ငယ်လို့ခေါ်သံကလည်းကြားရတိုင်းရိုးသွားခြင်းမရှိသစ်လွင်ဆဲ။
စကားပြောတိုင်းမောင်လို့ပြောတတ်သူငယ်ကလည်း
မကြောင့်သာစပီးငယ်လို့သုံးတတ်ခဲ့တာ။
မကိုကြည့်ပီးအတွေးလွန်နေတာက မရဲ့
"စာတမ်းဖတ်တာပီးတော့မှာလားငယ်"
ဆိုတဲ့မရဲ့အသံကြားမှ မ ကို
"ဟီးးးး"ခနဲရယ်ပြကာ
"ဟု ပီးတော့မယ် မ "
"အွန်းး အွန်းးဟုပီ
စာတမ်းဖတ်ပီးတာနဲ့
ခုံပေါ်မှာအိပ်ပျော်သွားရင်
ငယ်မနက်ကျ ဇတ်နာနေ မှာစိုးလို့
မ လာကြည့်တာ
အ့ဆို မ သွားတော့မယ်နော် ငယ်
ဟိုဘက်ခန်းမှာရှိမယ်"
"ဟုတ် ဂွတ်နိုက်နော် မ "
"အွန်းးး ဂွတ်နိုက်ငယ် မွ"
ဂွတ်နိုက်ပြောကာနှဖူးပေါ်ကျရောက်လာတဲ့ မရဲ့အနမ်းက
ငယ့်အတွက်တော့ တနေ့တာရဲ့ အားဖြည့်ရာလေး။ ************************************************************************ စာတမ်းဖတ်ပီးလို့ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ 12:30။
စာတမ်းကို ဖိုင်တစ်ခုထဲထည့်ပီး
ခုံအောက် အံဝှက်ထဲထည့်မယ်လုပ်တော့
တွေ့လိုက်မိတာက အစိမ်းရောင်အဖုံးလေးနဲ့
ဒိုင်ယာရီစာအုပ်လေး။
