55• I need you tonight🔥

Start from the beginning
                                    

အဲဒီတော့ ဒီယောကျာ်းရဲ့ အထိအတွေ့တွေ သူမက်မောတာမဆန်း။

ဒီကလိုချင်ရက်စက်စက်ယိုပါဆို အထာကိုင်ပြီး ရှောင်ဖယ်နေတဲ့ယောကျာ်းကို သူအတော်တင်းနေရပြီ။

အခုလဲ ဇာတ်လမ်းထဲက မင်းသားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပွတ်သပ်ချော့မြူလျက် အနမ်းပေးနေတာမြင်တော့ သူ့ရဲ့ ခန္တာကိုယ်အောက်ပိုင်းကတော့ တင်းချင်ချင်ဖြစ်နေပြီ။

"ကလေးလေး ရုပ်ရှင်ကြည့်နေတာလား အားဆေးရောသောက်ပြီးပြီလား"

အခန်းထဲဝင်လာတာနဲ့ မေးခွန်းထုတ်ကာ အနားရောက်လာသူကို မကျေမချမ်းနဲ့ သူမျက်စောင်းရွယ်လိုက်မိတယ်။

ထစ်ခနဲရှိ အားဆေးသောက်ဖို့နဲ့ ကိုယ်ဝန်ကိုဂရုစိုက်ဖို့ မှာနေတဲ့ယောကျာ်း၊ သူကသူများလိုအပ်တာကိုဖြည့်စည်းပေးဖို့တော့ မသိချင်ယောင်ဆောင်လို့ကောင်းနေတုန်းပဲ။

"ဟောဗျယ မေးတာကိုမဖြေပဲ ဘာလို့မျက်စောင်းကြီးခဲနေရတာတုန်းဗျ ဘာလဲဆေးမသောက်ချင်လို့ ဂျစ်တိုက်ချင်နေတာလား ဟမ်"

အိုလီထိုင်နေတဲ့စာကြည့်စားပွဲဆီရောက်လာတဲ့ ကိုကိုကြီးက အိုလီနှာခေါင်းကိုမနာအောင်ညှစ်ပြီး မေးတယ်။

စိတ်ကောက်ချင်နေတဲ့ကြားက ကိုကိုကြီးရဲ့မျက်နှာချောချောကို အိုလီငေးကြည့်မိပြန်ရော။

သူ့ယောကျာ်းက ဘယ်လိုနေနေ ချောလွန်းနေတာလဲ ပြဿနာ၊ အိမ်မှာနေရင်းအဝတ်အစားနဲ့တောင် ကိုကိုကြီးရဲ့ ချောမောမှုက နည်းနည်းလေးမှ အရောင်မှိန်မသွားချေ။

"ကိုကို ကျွန်တော့်ကိုမချစ်တော့ဘူးမှတ်လား"

"ဟေ မဟုတ်တာကွာ ဘာလို့မချစ်ရမှာလဲ"

နှုတ်ခမ်းဆူကာ မချစ်ဘူးလားမေးတဲ့ သူ့ရဲ့ကလေးအဖေကို Thomas မြတ်မြတ်နိုးနိုးလေး ငုံ့ကြည့်မိတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာဆို ဟော်မုန်းအတက်အကျအရမ်းများတာမို့ သာမာန်ထက် စိတ်ဆတ်လွယ်ပြီး ခဏခဏ စိတ်မကောင်းဖြစ်တတ်တယ်လို့ ဆရာဝန်ကမှာထားတာမို့ အိုလီမျက်နှာမကောင်းရင် သူ့မှာ တကယ့်ကိုပြာပြညသလဲဖြစ်ရတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now