54• Bonding time, it is

Start from the beginning
                                    

သူနဲ့စိတ်ကြီးတတ်တာချင်းတူသလို Sam နဲ့စိတ်ကောက်တတ်တာခြင်းတူတဲ့သားက အခု ဆန္ဒပြနေလေပြီ။

နှုတ်ခမ်းထော်ထားတာမို့ ဖောင်းကားနေတဲ့ပါးပြင်ကို အတင်းပဲဖိကပ်နမ်းရှိုက်မိတော့ အဖေတူသားလေးက သူ့ကိုတွန်းထုတ်သေးတာဗျာ၊ ပြီးတော့ ပါးစပ်ကလဲပြောလိုက်သေး။

"တွား လာမထိညဲ့"

"သားသားလေးက ဒယ်ဒီ့ကိုတကယ်စိတ်ဆိုးနေတာပဲ။ ဒယ်ဒီ လမ်းတဝက်မှာ ကားပျက်လို့ တက္ကစီငှားပီးလာခဲ့ရတာကွ။ တက္ကစီကလဲ အဲကွန်းမကောင်းလို့ ဒီမှာကြည့်ပါအုံး ချွေးတွေတောင်ထွက်လို့..."

တကယ်လဲ သူ့ပုံစံက ဖရိုဖရဲဖြစ်နေတာအမှန်၊ ကလေးတစ်ယောက်အဖေဖြစ်သွားတာနဲ့ အရင်ကလိုခန့်သန့်နေတဲ့ပုံစံမျိုးမရှိတော့။

သားသားမြင်သာအောင် သူ့မျက်နှာကို သားရှေ့ထိုးပြလိုက်တော့မှ သားက သူချွေးထွက်နေတာမြင်ပြီး မျက်နှာကြောနည်းနည်းလျော့သွားတယ်။

"ဒယ်ဒီပြေးလာတာလား"

"အင်းပေါ့ သားသားစောင့်နေရမှာစိုးလို့ ဒယ်ဒီကပြေးလာတာ ဒယ်ဒီ့ကို မသနားဘူးလား"

"နည်းနည်း ပိချိယေး တနားရယ်"

သားသားက ပြောလဲပြော သူ့နဖူးပေါ်က ချွေးတွေကို သားလက်သေးသေးတွေနဲ့ သုတ်ပေးတော့ Nicholas မှာ ကြည်နူးပီတိ ဂွမ်းဆီထိသလိုပါပဲ။

ကိုယ်မွေးထားတဲ့သားဆီက အခုလို ဂရုစိုက်မှုတွေခံစားရတဲ့အခါ သူ့ရင်ထဲမှာ တသိမ့်သိမ့်တုန်အောင် ကြည်နူးရတာအမှန်ပဲ။

ဒီအခိုက်အတန့်က သူ့အတွက်အရာအားလုံးပြီးပြည့်စုံသွားတဲ့အခိုက်အတန့်ပဲဖြစ်မယ်ထင်ပါရဲ့။

အရမ်းကိုမှချစ်စရာကောင်းတဲ့သားလေးတစ်ယောက် သူ့မှာရှိသလို အဲဒီသားလေးကိုမွေးဖွားပေးထားသူက သူချစ်ရတဲ့ အိုမီဂါလေးတဲ့လေ။

ဒီထက်ပိုပြီး ဘယ်အရာက ပြည့်စုံအုံးမလဲ။ ကြည်နူးစိတ်နဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ သားရဲ့ဒူးခေါက်ခွင်ကနေ လက်ကိုလျှိုသွင်းကာ ပွေ့ချီလိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now