ဟော ထမယ်ဆိုပြီး ပြန်အိပ်ပျော်သွားပြန်ပြီ

*ကျန့်ကောအိပ်ရင်ဘာလို့ ဒီလောက်ချစ်ဖို့ကောင်းရတာလဲ လူကိုသမာဓိအားလာစမ်းနေသလိုပဲ ပြစ်မှားချင်စရာလေး*

အရင်က ဝမ်ရေခဲတုံးလေးက ရှောင်းကျန့်နဲ့မှ အရည်ပျော်လာပြီး သဝန်တိုရတာနဲ့ စိတ်ပူရတာနဲ့ ထမင်းသေချာစားရဲ့လား ဖုန်းလှမ်းဆက်ပြီးမေးရတာနဲ့ ကလေးအမေတောင် သူ့လောက်မဖြစ်ဘူး

ရှောင်းကျန့်နဲ့ပတ်သက်ရင် ရိပေါ်ကလုံးဝအစွာလေး ကျိုးချန်နဲ့လည်း လုံးဝအဖြူနဲ့အမည်း ပါးနဲ့ဆိုရင်တော့ သူမဟုတ်တဲ့အတိုင်း လိမ္မာတဲ့ပုံဖမ်းကာ ကောကိုမရရင်သေ‌ေတာ့မည်ဖြစ်ကြောင်း ဖျောင်းဖျသည် ပါးကတော့ ရှောင်းကျန့်ကလည်း အလိုတူဆိုတော့ သူဘာတတ်နိုင်မှာလဲ ခွင့်ပြုရတော့တာပေါ့

လက်ထပ်တော့မှာဆိုပေမဲ့ အခုထိ ဘာမှ date တွေဘာတွေမလုပ်ရသေးတာမို့ ခွင့်ယူပြီး ပျော်ပျော်ပါးပါးလည်ဖို့ ထွက်လာခဲ့ကြတာ

ကောမသိအောင် ရိပေါ်လုပ်ထားတာ တစ်ခုရှိသေးတယ် အဲ့အတွက် စစ်ကျွေးလေးသက်သာသွားသည်

ဟိုတစ်ခါ ကျန့်ကောကိုတွန်းလိုက်တဲ့ လူနာဦးလေးကြီးကို ပညာသွားပေးခဲ့တာ အခုဆို လိမ္မာသွားလောက်ရောပေါ့

မရမကနှိုးပြီးတော့ သူတို့ရောက်နေတဲ့မြို့ကနေရာအစုံ လျှောက်လည်ကြသည် စားစရာတွေမျိုးစုံလျှောက်စားပြီး ပျော်နေတဲ့ကောက အစားမက်တဲ့ကလေးလေး သူ့ကိုလည်း ရိပေါ် စားကြည့်ဆိုကာ ငြင်းချိန်တောင်မရလိုက် အတင်းထည့်ပေးပြီး နောက်တစ်ခု သွားစားပါလေရော

တကယ်မနိုင်စိန် ဓာတ်ပုံရိုက်တော့ သူ့ကိုပြုံးခိုင်းတာ ရိပေါ်လည်းရိုက်မယ်ဆိုပြီး အစီအစဥ်သာဆွဲထားတာ ငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်ရင် ခပ်တည်တည်ပဲနေတတ်တာဆိုတော့ ရိုက်လိုက်တိုင်း တည်တည်ကြီးမဟုတ်ရင် ရှောင်းကျန့်ကိုငေးနေတာ မသိရင် ရှောင်းကျန့်တစ်ယောက်ထဲ သွားနေရသလိုပဲ

အရုပ်ကိုများ ငါခေါ်လာမိသလား မဟုတ်ဘူး အရုပ်တောင်အဲ့လောက်ပျင်းစရာကောင်းမှာမဟုတ်ဘူး

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now