"​မြေး​​လေး.. မနက်ကဘယ်အချိန်မှထလဲကွယ်။ ဖွားက မနက်စာစားဖို့​စောင့်​နေတာ။ ​မြေးမဆင်းလာ​တော့ ဖွားတစ်​ယောက်တည်း စားလိုက်ရတယ်"

​ရှောင်းကျန့်အားမြင်သည်နှင့် နုပျို​နေ​သေးသည့် ၆၂နှစ်အရွယ်ဖွားဖွားက သူ့ကိုတစ်​ယောက်တည်းထမင်းစားလိုက်ရ၍ မ​ကျေနပ်သလို​လေး​ပြောသည်။

ဖွားဖွားက သူ့ကိုအရမ်းအလိုလိုက်သည်။ သမက်ဖြစ်သူက တရုတ်လူမျိုးဖြစ်ပြီး လူမျိုးမတူတာ​ကြောင့် ​​ရှောင်းကျန့်၏မိဘ​တွေကို သ​ဘောမတူခဲ့သည့်ဖွားဖွားက ရက်စက်စွာပင် သူ့မားကိုအ​မွေပြတ်ပါ စွန့်လွှတ်ခဲ့သည်။

တရုတ်တွင် တက်သစ်စ မင်းသားတစ်​ယောက်ဖြစ်​နေသည့်သူ့ပါး​ကြောင့် စား​၊ ဝတ်​၊ နေ​ ရေးအတွက်အဆင်​ပြေခဲ့ပြီး သူ့ကိုလူ့ဘဝထဲ​ရောက်​အောင်​ ခေါ်​ဆောင်​ပေးခဲ့သည်။

သို့​ပေမယ့် ကံဆိုးလွန်းသည့် သူတို့မိသားစုပါ။ ​ရှောင်းကျန့် ၅နှစ်သားအရွယ်တွင် မူကြိုလာကြိုရင်း သူ့မိဘ​တွေသည် သူ့ဆီမ​ရောက်ခင်လမ်းတစ်ဝက်မှာတင် Accidentဖြစ်ကာ ပွဲချင်းပြီးဆုံးပါးသွားခဲ့သည်။

၅နှစ်သားအရွယ်သူသည် ဘာသိတတ်ဦးမည်တဲ့လဲ။ ​​နေ့လယ်၁၂နာရီ၌ မူကြိုတွင်ထမင်းစားပြီးချိန်ကတည်းက စောင့်​နေခဲ့​သော်လည်း ည၉နာရီ​ကျော်မှ မူကြိုကို အ​မေနဲ့အ​ဖေလာမကြိုဘဲ ဓါတ်ပုံထဲတွင်မြင်ဖူးပြီးသားဖြစ်သည့် အဖွားဖြစ်သူလာ​ခေါ်တာကိုပျော်​နေခဲ့သည်။ အ​နေစိမ်းသော်လည်း ​ဆွေမျိုးမှန်းသိ၍သူ​ပျော်ခဲ့သည်။ ဖွားဖွားအဲ့​နေ့က သူ့ကိုဖက်ပြီးငို​နေခဲ့၏။

သူသာ သူ့သမီး​လေးကိုမရက်စက်ခဲ့လျှင်၊ သူသာ သူ့မိဘနှစ်ပါးကို လက်ခံ​ပေးခဲ့လျှင် သူရဲ့နန်း​တော်လိုအိမ်ထဲတွင် သူတို့မိသားစု​လေး​ပျော်​ပျော်ရွှင်ရွှင် နေ​လို့ရသည်ကို သူ့​ကြောင့်ပါ၊ သူ့အမှားပါဟုဆိုကာ ငိုခဲ့သည်။ ဖြစ်သွားသမျှသည် သူ့​ကြောင့်မဟုတ်ခဲ့တာကို​မေ့​​လျော့​နေသည်အထိ။

အဲ့​နေ့ကစပြီး သူ့ကိုဖွားဖွားက ဂျပန်ကိုခေါ်လာခဲ့တာဖြစ်သည်။ သူ့မိဘ​တွေကိုတွေ့ချင်လို့ ငိုသည့်အခါ​တိုင်း ဖွားဖွားက အချိန်တန်ရင် သူမကိုယ်တိုင်လိုက်ပို့​ပေးပါ့မယ်ဟုပြောကာ ငိုရှာသည်။ ဖွားဖွားငို​တော့ သူလည်းမကြည့်ရက်ပြန်။ ဖွားဖွားလိုက်ပို့သည်အထိပဲ ​စောင့်​နေခဲ့သည်။ သူ့အသက်၁၀နှစ်တွင် အိမ်​တော်ထိန်းကြီးKuနှင့်အတူပါလာသည့် ဖန်ရှင်းနှင့်စ​တွေ့ခဲ့သည်။

My Special Boyfriend [Completed]Waar verhalen tot leven komen. Ontdek het nu