"ရီလေးဘာလို့ မျက်နှာမကောင်းတော့တာလဲ"

"ဘာမှမဟုပါဘူး"

"ဗိုက်ဆာပြီလား"

"အင်း"

"အာ့ဆိုကိုတို့ ငါးသွားဖမ်းရအောင်လေ"

"အင်းသွားကြမယ်"

နှစ်ယောက်သား ရေကန်ရှိရာကို အတူလက်တွဲပီးသွားလိုက်တယ်။ ရေကန်ရောက်တော့ ရှောင်ကျန့်က ဆင်းပြီး ရီပေါ်ကို ကန်ဘေးမှာဘဲစောင့်နေခိုင်းတယ်။ ရေထဲဆင်းခွင့်မပေးဘူး။ ရှောင်ကျန့်ငါးတကောင်ကို မြင်မြင်ချင်းလက်နဲ့ဖမ်းလိုက်သည်။ ပြီးတော့​ရီပေါ်ရှိရာကိုပစ်ပေးလိုက်သည်။ ရီပေါ်က ပါလာတဲ့ ခြင်းထဲကို ထည့်လိုက်သည်။ ဒီလိုနဲ့ တကောင်ပြီးတကောင်ဖမ်းပြီးတော့ ရှောင်ကျန့်ရေထဲကနေ အပေါ်ကိုတက်လာရန် ရီပေါ်ကလက်ပေးလိုက်သည်။ ဖြစ်ချင်တော့ ရှောင်ကျန့်ပြန်တက်လာတဲ့နေရာက ရေညှိပေါတယ်။ အာ့တာနဲ့ရှောင်ကျန့် လျှောသွားပြီး လက်တွဲထားတဲ့ရီပေါ်ပါ အတူ ရေကန်ထဲပြုတ်ကျသွားသည်။

"ရီလေး ရရဲ့လား"

"ရတယ် ကို"

"တောင်းပန်ပါတယ် လာ"

ရှောင်ကျန့်ရီပေါ့်ကို လက်တွဲပီး ရေထဲကနေ အတူ ပြန်တက်လေသည်။အဝတ်အစားတွေကတော့ ရေစိုသွားလေသည်။ အာ့တော့နှစ်ယောက်သားအတူ နေတဲ့ ဂူထဲကိုပြန်လေသည်။ ရှောင်ကျန့်တယောက်မီးမွှေးပြီး အဝတ်တွေချွတ်ကာ မီးကင်နေသည်။

"ရီလေးလဲအဝတ်တွေချွတ်လိုက် ကို မီးကင်ပေးမယ်"

"ရတယ်မချွတ်တော့ဘူး"

"ရီလေးကလည်း ရှက်မနေပါနဲ့ မချွတ်ရင် ကိုယ်တိုင်လာချွတ်ရမလား"

"ရတယ် ရတယ် ကိုယ့်ဘာသာဘဲ ချွတ်လိုက်မယ်"

ရီပေါ်အကျိ်ချွတ်ကာ ရှောင်ကျန့်ကိုပေးလိုက်သည်။ နှစ်ယောက်စလုံး ကိုယ်လုံတီးလေးတွေနဲ့။ ရှောင်ကျန့်က အကျိ်တွေကို တန်းထိုးကာ မီးနားမှာ တင်ပေးထားတယ်။ ပြီးေတာ့ ဖမ်းလာတဲ့ငါးတွေကို တုတ်နဲ့ထိုးကာ ကင်ထားလိုက်ပြီး အနောက်မှာကျုံကျုံလေး ထိုင်နေတဲ့ရီပေါ့်ကို မေးလိုက်သည်။

Love poison S1 (Complete)Where stories live. Discover now