အာ့

ခြေထောက်ခေါက်သွားတာတောင်ဂရုမစိုက်ဘဲ ထော့နဲ့ထော့နဲ့ ရှောင်ကျန့်ရှိရာကို အမြန်ဆုံးပြန်လာတယ်။ ပြန်လာတော့ ပုံမှန်အတိုင်း ရှောင်ကျန်​့ သတိမရသေးပါ။

မီးမွှေးပြီး ဆေးကျိုရန်အမြန်ပြင်လိုက်သည်။ ဆေးရှက်များကို တောင်းကာ အိုးထဲထည့်လိုက်သည်။ အိုးအဖုံးကို လက်နဲ့သာ ဖွင့်လိုက်တော့ ပွန်းထားတဲ့ ဒဏ်ရာပေါ် အပူပါလောင်တော့ တနာပေါ်တနာ ဆင့်လေသည်။ ဆေးအတွက်နောက်ဆုံးလိုတာကတော့ မြေခွေး သွေးပါ။

ရီပေါ် သူ့ရဲ့ လက်ကို ဓားနဲ့ လှီးလိုက်ပြီးအိုးထဲကို သွေးစက်တစက်ပြီး တစက်ထဲ့လိုက်သည်။ ဆေးပြင်ဆင်ပြီးသွားတော့ ရှောင်ကျန့်ကို တိုက်ရန် ပုခုံးလေးကနေ ထူပြီး ရင်ဘက်နားကို ခေါင်းလေးမှီစေလိုက်သည်။ ဆေးကို ဇွန်းလေးနဲ့ တိုက်လိုက်သည်။ ဆေးက ပါးစပ်ကနေ ပြန်စီးကျလာတာမို့ ကျွန်တော့်ပါးစပ်နဲ့ဘဲ သူ့ကို ဆေးကုန်သည်အထိ တိုက်လိုက်သည်။ ဆေးတိုက်ပြီးတာနဲ့ ကျွန်တော်လည်း ပင်ပန်းနေတာကြောင့် သူ့ဘေးနားမှာဘဲ အိပ်ပျော်သွားသည်။

မနက်မိုးလင်းတော့

နာကျင်တာတွေဘာမှ မရှိဘဲနိုးလာသည်။ ဒါကဘယ်နေရာပါလိမ့်။ ဘေးနားမှာ ကျွန်တော့်ကို ဖက်အိပ်နေတဲ့ ရီပေါ်။ သူဘယ်လိုလုပ်ဒှရောက်နေတာလဲ။ ဒါကရော ဘယ်နေရာလဲ။ အိပ်မက်များမက်နေတာလား။ ဒါမှမဟု သေ သွားတာလား။

အတွေးများဖြင့် မျောနေတုန်း ရီပေါ် နိုးလာသည်။

"ရီပေါ် ငါအိမ်မက်များမက်နေတာလား"

"ရှောင်ကျန့် နောက်ဆုံးတော့ နိုးလာပြီဘဲ မင်းပြန်မနိုးလာမှာ ကြောက်နေတာ"

"ငါအခုနိုးပြီဘဲ မငိုနဲ့တော့နော်"

"နောက်ကျ ငါ်ကိုထားပြီးဘယ်မှမသွားရတော့ဘူး"

"ဟုပါပြီဗျာ လွတ်ပေးအုံး အသက်ရှုကြပ်နေပြီ"

"အေးငါပျော်သွားလို့ တောင်းပန်ပါတယ်"

​ရှောင်ကျန့် ရီပေါ့်လက်ကလေးနှစ်ဖက်ကို ကြင်နာစွာကိုင်ရင်း နောက်လက်တဖက်က ပါးလေးကို ကိုင်ထားသည်။ ရီပေါ့်လက်တွေ ပွန်းပဲ့သွေးခြေဥနေတာကို တန်းပြီး သတိထားမိသွားတယ်။

Love poison S1 (Complete)Where stories live. Discover now