"Baekkie,ကိုယ်တို့  ပြန်ကြမလား..
မှောင်နေပြီ..."
"ဟင့်အင်း....ပြန်ချင်သေးဘူး...
Oppa...ဒီနေရာက အိမ်နဲ့ နီးတာပဲကို..
ဘယ်အချိန်ပြန်ပြန် ရတာပဲ..."
"အော်...oppa...Baekkie တို့  ဈေးတန်းလျှောက်သွားရအောင်..နော်...
Baekkie အဲလိုမျိုး လျှောက်မလည်ရတာ ကြာပြီ..."
"Okay...သွားကြရအောင်..."
ဈေးတန်းရောက်တော့လည်း ကျနော်တို့ နှစ်ယောက် ဟိုဟာ ဝယ်စားလိုက် ဒီဟာ ဝယ်စားလိုက်နဲ့ အဆင်တွေကို ပြေနေရော...
သူမလေးကလည်း ကလေးလေးတယောက်လို ပျော်မြူးနေသလို သူမကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ကျနော်ကလဲ သူမအပျော်တွေ ကူးစက်ပြီး ပျော်နေမိပါတယ်လေ...
ကောင်းကောင်းကြီး လျှောက်လည်ပြီးတော့မှ အိမ်ဘက်ကို ပြန်လာခဲ့တော့တယ်...
အိမ်နားက သစ်ပင်ရိပ်လေးမှာ ကျနော်တို့ နှစ်ယောက် ရပ်လိုက်တယ်...
ခဏငြိမ်နေကြပြီး ကျနော် သူမလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်မိတယ်...
"Oppa baekkie ကို ချစ်သလောက် baekkie ကိုယ့်ကို ပြန်ချစ်ပေးလို့  ကျေးဇူးပါနော်...."
ကျနော် သူ့ ကို အဲလိုပြောလိုက်ပြီး ကျနော့်အိတ်ကပ်ထဲက လက်စွပ်လေးကို သူမရဲ့ ဘယ်ဘက် လက်သူကြွယ်လေးမှာ စွပ်ပေးလိုက်တယ်....
အဲဒီလက်စွပ်လေးက ကျနော် သူ့ ကို စချစ်မိကတည်းက ဝယ်ထားတဲ့ လက်စွပ်လေးပါ...
ခုနက ကျနော်သူ့ ကို propose လုပ်တုန်းက ပေးမလို့ ပေမဲ့ သူမလေးက အရမ်းငိုနေတော့ လက်စွပ်ပေးဖို့ မေ့သွားတာ...
ခုမှပဲ ပေးဖြစ်တော့တယ်...
တော်သေးတာပေါ့ဗျာ...လက်စွပ်လေးနဲ့ သူမလက်လေးနဲ့ အံကိုက် ဖြစ်လို့ ....
ကျနော် လည်း လက်စွပ်စွပ်ပေးပြီးရော သူမကိုယ်လေးက ကျနော့်ရင်ခွင်ထဲ ရောက်လာလေရဲ့...
"Gomawo..oppa...jinjja gomawo...
Baekkie ကို အများကြီးအများကြီး ချစ်ပေးလို့ ..."
ကျနော့်baby လေးက သိပ်အငိုသန်တာပဲဗျာ...
ခုလဲ ငိုစရာမဟုတ်တာကို ငိုနေပြန်ပါလေရော...
သူမမျက်ရည်တွေကို ကျနော် ဖွဖွလေး ဖယ်ရှားပေးနေမိတယ်...
ခဏကြာမှ သူမအငိုတိတ်သွားတယ်...
"Oppa...ဒီမှာ ခဏစောင့်နော်..."
ဆိုပြီး သူမအိမ်ဘက်ကို ထွက်ပြေးသွားလေရဲ့...
ဘာလုပ်မလို့ ပါလိမ့်...
ခဏကြာတော့မှ သူမ ကျနော့်နားကို ပြန်ရောက်လာတယ်...
လက်ထဲမှာလဲ အထုပ်လေးတထုပ်နဲ့..
အဲဒီလက်ဆောင်ထုပ်လေးကို ကျနော့်ကို ပေးတယ်..
ပြီးတော့လည်း ကျနော့်ကို ပြောသေးတယ်.....
Oppaအတွက် valentine present တဲ့လေ..
ကျနော်မြန်မြန်ပဲ ဖွင့်ကြည့်လိုက်တော့ ခေါက်ပြီးသား ကြယ်လေးတွေကို ထည့်ထားတဲ့ ဘူးလေး...
အဲ့ထဲမှာ ကြယ်ပေါင်း အလုံး1000ကို
ခေါက်ထည့်ထားတယ်တဲ့လေ...
ကျနော့်ကို စချစ်မိတဲ့ နေ့ ကတည်းက နေ့ တိုင်းမှန်မှန် ခေါက်နေခဲ့တာပါတဲ့...
သိပ်ချစ်ဖို့ ကောင်းလွန်းတဲ့ သူမလေးကို ကျနော် ဖက်ထားလိုက်ပြီး နဖူးလေးကို အနမ်းတပွင့် ခြွေချလိုက်မိတယ်...
သူမလေးကလဲ ကျနော့်ကို ပြန်ဖက်ထားရင်း
ကျနော့်ပါးပြင်ပေါ် ဖွဖွလေးနမ်းလိုက်လေရဲ့...
ပြီးတော့မှ ကျနော်တို့ နှစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်လာကြတယ်...
ပြန်လာတဲ့လမ်းတလျှောက်လုံး ကျနော် တွေးနေမိပါတယ်....
ဒီနေ့ ညတော့ ကျနော်တို့  နှစ်ယောက်လုံးရဲ့အိပ်မက်တွေ သာယာလှပနေတော့မယ် လို့ ပေါ့...
A/N ကြိုက်ရဲ့လားဟင်..
Bonus တခါမှ မရေးဖူးလို့  ရေးကျိကျိတာ..
အမှားပါရင်တော့ CB လွှတ်ကြဂျာ...
YOU ARE READING
For You Only,Baby~
FanfictionThere is a girl,called Byun baekkie,who's secretly in love with her neighbor,named Park Chanyeol... Will she have the chance to love him??
Addition^^
Start from the beginning
