Ajima...သူက ကျနော့် ချစ်သူလေ...
ဘယ်လိုလဲ...ချောတယ်မှတ်လား..."
"အော်...မင်း ပြောပြောနေကျ baekkie ဆိုတာ သူမလား...
ခု လူကိုယ်တိုင် တွေ့လိုက်ရမှ သိလိုက်ရတော့တယ်...
သမီးလေးက သိပ်ချစ်ဖို့ ကောင်းတာပဲ...."
သူမလေးကတော့ ရှက်နေပြန်ပါပြီ....
မျက်နှာလေး အောက်ငုံ့ရင်း ရှက်ပြုံးလေး ပြုံးနေလေရဲ့....
"ကဲကဲ ငါ့သားအကြိုက် အမဲအူပြုတ်နှစ်ပွဲ ajima မြန်မြန်လုပ်ပေးမယ် ခဏစောင့်နော်..."
Ajima ထွက်သွားတော့ သူမက ကျနော့်လက်မောင်းကို မနာအောင် လှမ်းထုလေရဲ့...
"Oppa ကလဲ ajimaကို ဘာတွေ လျှောက်ပြောထားတာလဲ...
ရှက်စရာကြီး..."
"ဒီajima က ကိုယ့်အတွက် အဒေါ်တယောက်လို ဖြစ်နေတော့ ကိုယ်က ဒီအတိုင်း ပြောပြထားတာ...
ပြီးတော့ ဒီဆိုင်ကို ကိုယ်တယောက်တည်းပဲ လာတာ များတယ်...
Baekkie မို့ လို့  ကိုယ်က ခေါ်လာတာ...
ကျန်တဲ့သူဆို ခေါ်မလာဘူး..."
သူမမျက်နှာ ကြည့်ရတာ တော်တော်ပျော်သွားပုံပါ...
အဲလိုပျော်အောင်လည်း ကျနော်လုပ်ပေးချင်လို့  တမင်လာခဲ့တာ...
ကျနော့် ရည်ရွယ်ချက် အောင်မြင်သွားပြီပေါ့နော်...
နည်းနည်းကြာတော့ အမဲအူပြုတ်နှစ်ပွဲ က မျက်စိရှေ့ကို ရောက်လာတယ်...
Ajima လက်ရာဆိုတော့ မြင်လိုက်ရတာနဲ့ သွားရည်ယိုစရာ...
ကျနော်တို့ နှစ်ယောက်လုံး ခေါင်းမဖော်တမ်း စားကြတော့ Ajima ကလဲ ကျေနပ်နေပုံပါ...
အမဲအူပြုတ်ကို အရသာရှိရှိစားပြီး ajima ကို နှုတ်ဆက်ြပီး ထွက်လာတော့ နဲနဲ မှောင်တောင် နေပြီ...
YOU ARE READING
For You Only,Baby~
FanfictionThere is a girl,called Byun baekkie,who's secretly in love with her neighbor,named Park Chanyeol... Will she have the chance to love him??
Addition^^
Start from the beginning
