Spaghetti သွားစားကြမလား..."

"ဟင့်​အင်း....အာ့ကြီးက အရမ်းအီတယ်​..

လော​လောဆယ်​​တော့ အာ့ စားချင်​ဘူး..

တခြားဟာ ရှိဘူးလား..."

"အင်း....ဒါဆို ဘယ်​မှာ သွားစားရင်​ ​ကောင်းမလဲ...

အမဲအူပြုတ်​​ရော...စားချင်​လားဟင်​.."

ကျ​နော်​ ​မေးသာ ​မေးလိုက်မိတာ..

သူမ မကြိုက်​မှာ ကျ​နော်​​ကြောက်​မိတယ်​...

မိန်း​က​လေး​တော်​​တော်​များများက အဲ့​နေရာသွားမယ်​ဆို ​ခေါင်းတခါခါ လည်​တခါခါ နဲ့ ငြင်းကြတယ်​​လေ..

ခုလဲ သူမ ငြင်းမယ်​ထင်​လို့  တခြား​နေရာ​ပြောဖို့  ကျနော် ​ခေါင်း​ခြောက်​​​နေတုန်း သူမ အ​ဖြေထွက်​လာတယ်​....

"အမဲအူပြုတ်​,ဟုတ်​လား...

သွားစားရ​အောင်​...

Baekkie အရမ်းကြိုက်​တဲ့ အစားအစာ​တွေထဲမှာ အာ့လည်း ပါတယ်​...

အာ့ပဲ သွားစားရ​အောင်​..​နော်​ oppa?"

အဲဒီအချိန်​​လေးအတွင်း ကျ​နော်​ သူမကို ပိုပြီး​တော့​တောင်​ ချစ်​သွားမိတယ်...

ဘာအဆင့်​အတန်း​မှ မခွဲခြားတတ်​တဲ့ မိန်းက​လေးမျိုးကိုမှ​​ ကျ​နော်​ စွဲစွဲလမ်း​လမ်း ချစ်​ခဲ့မိတာပါလား...

ကြည်​နူးစိတ်​နဲ့ အတူ ကျ​နော်​ baekkie ​လက်​​လေးကို ဆွဲကိုင်​ရင်း အမဲအူပြုတ်​ဆိုင်​ဘက်​ ချီတက်​ခဲ့မိ​တော့တယ်​....

ကျ​နော်​ ကျ​နော်​စား​နေကျ ဆိုင်​ဘက်​ဆီ သူ့ ကို ​ခေါ်လာခဲ့တယ်​...

ဆိုင်​ထဲ​ရောက်​​တော့ ကျ​နော်​နဲ့ ရင်းနှီးတဲ့ အ​ဒေါ်ကြီးက ကျ​နော့်​ကို လှမ်းနှုတ်​ဆက်​တယ်​...

"Oh! Chanyeolပါလား...လာ..သား..ထိုင်​...

အမယ်​...ဒီတခါ​တော့ အ​ဖော်​​တွေပါ ​ခေါ်လာတယ်​​ပေါ့..."

"ဟုတ်​တယ်​...ajima...သူကပါ အမဲအူပြုတ်​စားချင်​တယ်​ဆိုတာနဲ့ ကျ​နော်​ ​ခေါ်လာခဲ့လိုက်​တာ...

For You Only,Baby~Where stories live. Discover now