ကျ​နော်​တို့ နှစ်​​ယောက်​လုံး​ အရမ်း​မောလွန်းလို့  အ​မော​ဖြေရ​အောင်​ မြက်​ခင်းပြင်​​ပေါ် လှဲချလိုက်​ကြတယ်​...

မြက်​ခင်းပြင်​​ပေါ် ဒီအတိုင်းအိပ်​ရတာ သူမ​ခေါင်းနာ​မှာ​ပေါ့ ဆိုတဲ့ အ​တွေးနဲ့  ကျ​နော့်​လက်​ကို သူမ​ခေါင်းဘက်​ကို ဆန့်​ပေးလိုက်​​တော့ သူမက ကျ​နော့်​စိတ်​ကို နားလည်​​နေတဲ့အတိုင်း ​​ခေါင်း​လေးတချက်​ငြိမ့်​ရင်း ကျ​နော့်​လက်​​မောင်း​ကို ​ခေါင်းလာအုံး​လေရဲ့ ....

ပြီး​တော့ ​ကောင်းကင်​ကြီးကို ​မော့ကြည့်​ရင်း ငြိမ်​​နေပါ​လေ​ရော....

ကျ​နော်​လည်း သူမ​ဆံပင်​​လေး​တွေကို ခပ်​ဖွဖွ သပ်​​ပေးရင်း ​စကား​လေး​တွေ ​ပြော​နေမိ​လေရဲ့ ....

ပြာလဲ့​နေတဲ့ ​ကောင်းကင်​ကြီး​အောက်​မှာ ချစ်​တဲ့သူနဲ့ အတူစကား​ပြောရတာ သိပ်​ကြည်​နူးဖို့ ​ကောင်းမှန်း ကျ​နော်​ ခုမှ သိ​တော့တယ်​....

စကား​ပြော​နေရင်း သူမအသံ​လေး တိတ်​သွားလို့  ကြည့်​လိုက်​​တော့ သူမ​လေးက အိပ်​​ပျော်​​နေပြီ.....

ဟုတ်​မှာ​ပေါ့...

လူနဲ့  မလိုက်​​အောင်​ အ​သေ​ပြေးထားတာကိုး.....

ခု​လောက်​ဆို သူမ ပင်​ပန်း​နေ​လောက်​ပြီ​ပေါ့.....

ကျ​နော်​ ​ပျော်​​နေမိပါတယ်​.....

အမြဲတမ်း ကျ​နော်​ အ​ဝေးက​နေပဲ ​စောင့်​ကြည့်​​နေခဲ့ဖူးတဲ့ သူမ အိပ်​​ပျော်​​နေတဲ့ ပုံစံ​လေး....

ခု​တော့ ကျ​နော်​ သိပ်​ချစ်​ဖို့ ​ကောင်းတဲ့ အဲဒီပုံစံ​လေးကို အနီးကပ်​မြင်​ခွင့်​ ရ​နေပြီ.....

ဘုရားသခင်​ကို ​နောက်​တ​ခေါက်​ ထပ်​ပြီး ​ကျေးဇူးတင်​မိပြန်​ပါပြီ....

ဒီ​လောက်​ချစ်​ဖို့ ​ကောင်းတဲ့ ချစ်​သူ​လေးကို ကျ​နော့်​ကို ​ပေးလို့ ​ပေါ့.....

ကျ​နော့်​အ​တွေးကို ကျ​နော်​ ပြုံးလိုက်​မိရင်း သူမနဖူး​လေးကို ဖွဖွ​လေး ​မွှေးလိုက်​ပြီး ကျ​နော်​လည်း အိပ်​​ပျော်​ဖို့ ရာ ကြိုးစားလိုက်​မိ​တော့တယ်​.....

For You Only,Baby~Donde viven las historias. Descúbrelo ahora