"Okay....let's go to zoo...."
သူမလက်လေးကို ကျနော့်လက်မောင်းပေါ် ဖွဖွချိတ်ရင်း zoo ကို သွားဖို့  ထွက်လာခဲ့တယ်.....
Zoo ကို ရောက်တော့....
သူမပျော်နေတာများ တကယ့်ပီဘိ ကလေးလေးအတိုင်း.....
သူမခုလိုဟက်ဟက်ပက်ပက်ပြုံးနေတာလေးကို တွေ့ တော့ ကျနော့် ရင်ထဲ နွေးသွားမိတယ်...
ဒီအပြုံးလေးတွေကို ကျနော်ဖန်တီးပေးခွင့်ရလို့ လဲ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်....
ဒီအပြုံးလေးတွေသာလျှင် ကျနော့်မူပိုင် ဖြစ်ပါစေလို့  တွေးရင်းနဲ့ ပေါ့ ....
"Oppa...oppa...."
သူမခေါ်သံကြောင့် ကျနော် အတွေးတွေ ရပ်သွားတယ်...
"ဟင် ဘာလဲ baekkie.."
"Oppa....ဟိုမှာ oppa အမျိုးတွေ...."
ကျနော် သတိလက်လွတ် လှည့်ကြည့်လိုက်မိတော့
သူမ လက်ညှိုးထိုးပြနေတာက သစ်ကုလားအုတ်တွေ.....
သူမလေးကတော့ လက်ညှိုးထိုးပြပြီးတာနဲ့  တပြိုင်နက် ကျနော့်ကို ပြောင်ပြရင်း ပြေးသွားပြန်ပါလေရော....
ကျနော် ပြုံးလိုက်မိရင်း အဲ့ကောင်မလေးနောက် အမှီလိုက်ရပြန်တာပေါ့ဗျာ...
"မှီမှာလဲဟုတ်ပဲနဲ့  လိုက်မနေနဲ့ .....
Baekkie ကို မှီအောင် လိုက်နိုင်ပဲနဲ့ များ...."
"လောလောဆယ်တော့ ပြောထားဦးပေါ့ကွာ....
ဖမ်းမိလို့ ကတော့ ခင်ညားလေး တွေ့ မယ်...."
အဲဒီလမ်းတလျှောက်မှာတော့ ကျနော်တို့ နှစ်ယောက်အသံတွေနဲ့ ပဲ ဆူညံနေတာပေါ့ဗျာ....
နောက်တော့ Zoo နဲ့  နည်းနည်းလှမ်းတဲ့ မြက်ခင်းပြင် တနေရာရောက်မှပဲ ကျနော် သူ့ ကို ဖမ်းမိတော့တယ်....
ဟူး.....လူကောင်ကသာ သေးတာ...ပြေးတော့ ပြေးနိုင်သားဗျ....
YOU ARE READING
For You Only,Baby~
FanfictionThere is a girl,called Byun baekkie,who's secretly in love with her neighbor,named Park Chanyeol... Will she have the chance to love him??
Addition^^
Start from the beginning
