သူမစကားလေးကို ကြားကြားချင်း ကျနော့်ရင်ထဲ တမျိုးကြီးဖြစ်သွားတယ်...
"ကိုယ် ပျော်လွန်းလို့  သတိလွတ်သွားတာပါ...
ကိုယ် မင်းကို နာကျင်အောင် ထပ်မလုပ်တော့ပါဘူးကွာ...
လုပ်လဲ မလုပ်ရက်ပါဘူး..."
ပြောနေရင်း ကျနော့်ရင်ခွင်ထဲက သူမကို တိုးပြီး ဖက်ထားလိုက်မိတယ်....
အဲလိုလေးပြောလိုက်တော့ ကျနော့်ရင်ခွင်ထဲက အရုပ်လေးက ခုမှ အသက်ဝင်လာတယ်ထင့်...
ကျနော့်ခါးပေါ် သူမလက်လေးတွေက ဝန်းပတ်လာတယ်လေ....
"Oppa....baekkie က နောက်တာ...
Oppa တကယ်ထင်သွားတာလားဟင်..."
"Ani...မဟုတ်ပါဘူး..."
"Oppa,oppa က baekkie ကို နာကျင်အောင် လုပ်မဲ့ သူမဟုတ်တာ Baekkie သိပါတယ်....
Baekkie က ပျော်စေချင်လို့  နောက်လိုက်မိတာ..."
"သိပါတယ်ဗျာ...ရှင်းမနေပါနဲ့ တော့....
ကိုယ်က ပြောပြတာပါ...."
" ဒါနဲ့  Baekkie ဒီနေ့  valentine day နော်...
ကိုယ်တို့  လျှောက်သွားရင် မကောင်းဘူးလား..."
ခုမှ ကျနော့်ရင်ခွင်ထဲက မြုပ်နေတဲ့ ခေါင်းလေးပေါ်လာပြီး ကျနော့်ကို သူမမျက်လုံးလှလှလေးတွေနဲ့  ကြည့်နေလေရဲ့....
"သွားမယ်....သွားမယ်...
Oppa ဘယ်သွားကြမလဲဟင်...."
"ကိုယ့် baekkieလေး ဘယ်သွားဖို့  စိတ်ကူးရှိလဲ...
သွားချင်တဲ့ နေရာပြော...တူတူသွားကြမယ်..."
"ဒါဆို Zoo သွားရအောင်....Baekkie Zoo အရမ်းသွားချင်တယ်....
Oppaနဲ့  တူတူဆို ပိုတောင် သွားချင်သေးတယ်...
သွားရအောင် oppa,နော်...?
Aigoo.....သူမရဲ့ puppy eyes လေးတွေ...
သိပ်အသည်းယားဖို့ ကောင်းတာပဲ....
သူမပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်ချင်စိတ်ကို မနည်းချုပ်တီးရင်း ဆံပင်လေးတွေကို ဖွဖွနမ်းလိုက်မိတယ်..
VOUS LISEZ
For You Only,Baby~
FanfictionThere is a girl,called Byun baekkie,who's secretly in love with her neighbor,named Park Chanyeol... Will she have the chance to love him??
Addition^^
Depuis le début
